ကားရဲ့ တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်တာက ဖုန်းသံကျယ်ကျယ် ။ ဘေးချထားတဲ့ဖုန်းကို မျက်စံလေးရွေ့ရုံသာကြည့်လိုက်တဲ့ Boss က တွဲမှတ်ထားတဲ့ နာမည်ကိုမြင်လိုက်တာနဲ့ ခေါင်းငုံ့ပြီး ကြိတ်ရယ်လာသည်။ အမြဲတည်ငြိမ်နေတဲ့လူကို ရယ်အောင်လုပ်နိုင်ရင် အဲဒါက ပြေးကြည့်စရာမလိုအောင် ဘယ်သူမှန်းအကုန်သိကြတဲ့အထိ Boss က အားလုံးမျက်မြင် သဲသဲလှုပ်ထားတော့လည်း...။
ဖုန်းသံက အခုထိကြားနေရတုန်းပဲ ။ အရင်ဆို Boss က သူ့ကောင်လေးဖုန်းဆက်တာနဲ့ သုံးစက္ကန့်အတွင်းကိုင်တတ်တာလေ ။ အခု နည်းနည်းကြာနေပြီဆိုတော့ ဒရိုင်ဘာအီ မှန်ထဲက တစ်ချက်ခိုးကြည့်လိုက်မိသည်။
ဖုန်းကိုကြည့်ပြီး နှုတ်ခမ်းလေးအသာလှုပ်နေတဲ့ Boss ဘာလုပ်နေမှန်းမသိပေမဲ့ ဖုန်းသံကတော့ ဆက်ကြားနေရတုန်းပါ။
”ဘာလို့ ဆက်တာလဲ ”
ဖုန်းသံတိတ်သွားတာနဲ့ Boss ရဲ့ စကားသံရွှင်မြူးမြူးက ထွက်လာသည်။ မြူးကြွနေတဲ့ အသံမှာ စိတ်ဆိုးမှုကလည်း ပါသေး၏ ။ ပြောရရင် ဟန်ဆောင်ကောက်နေခြင်းမှန်း လူတိုင်းသိနိုင်တဲ့အထိ တက်ကြွနေတဲ့အသံကဟန်ဆောင်မကောင်းပါချေ။
”အခုထိ စိတ်ကောက်နေတုန်းလား ”
အပြင်ဘက်ကို လှမ်းကြည့်ရင်း ချန်းယောလ်အမေးကို မဖြေလာပါ။
”အဲဒါကြောင့် စက္ကန့်လေးဆယ်ကြာမှ ဖုန်းကိုင်တာလား ဗြောင် ”
ချက်ချင်းချေပလာသူက
”လေးဆယ့်ငါးစက္ကန့်ပါ ”တဲ့ချန်းယောလ် ရယ်လိုက်မိသည်။
ကလေးလည်းမဟုတ်ပါဘဲ ၊ စိတ်ဆိုးနေရင် ဖုန်းမကိုင်တာဖြစ်ဖြစ် လုပ်ရမှာကို ဒီတစ်ယောက်မသိဘူးလား ။ စက္ကန့်လေးကိုင်တာနောက်ကျပြီး စိတ်ကောက်ကြောင်း ပြနေတဲ့အကျင့်လေးက
ဗြောင့်ပုံရိပ်နဲ့မလိုက်အောင် ချစ်ဖို့ကောင်းပါသည်။ စက္ကန့်နောက်ကျတာတောင် သက်သက်မကိုင်တာဆိုပေမဲ့ စက္ကန့်ထိုင်တွက်နေမဲ့ ဘတ်ဟျွန်းကို တွေးမိတော့ ချန်းယောလ် စားပွဲပေါ်ကတွေ့ရာကို ကောက်ညှစ်လိုက်မိသည်။
ကံဆိုးစွာ ကော်ဗူးဖြစ်ပြီး အဝတ်စတွေအပေါ် ပေကျံကုန်တာကတော့ အသည်းယားရခြင်းရဲ့ ဆိုးကျိုးပေါ့ ။

ESTÁS LEYENDO
Uncover <Completed>
Fanfictionချစ်တဲ့စိတ်ကို မဖုံးကွယ်တော့ဘူးမလို့ ခင်ဗျားဘက်က ဆက်ချစ်ပေးပါဦး ChanBaek