ပင်လယ်လှိုင်းနဲ့အတူ(Unicode)

49 7 14
                                    

ညလေအေးတွေက ဖြည်းညင်းစွာတိုက်ခတ်လို့နေတယ်...
ညအချိန်မို့ ကမ်းခြေထက်မယ် လူတွေမရှိတော့တာကြောင့် လှိုင်းခတ်သံမှတစ်ပါး
အရာအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်နေလေရဲ့...
ကောင်လေးတစ်ယောက်က ပင်လယ်ရေအစပ်မှာမတ်တပ်ရပ်နေတယ်...
သူ့ရဲ့ပါးလျလျအကျီကို လေအေးတွေကဖြတ်တိုက်သွားတယ်...
ကောင်လေးကရေထဲကိုဆက်ဆင်းသွားတယ်...
တစ်လှမ်း..နှစ်လှမ်း...သုံးလှမ်း........နောက်ဆုံးသူရပ်သွားတယ်...
ပင်လယ်ရေဟာ သူ့ဒူးအထက်ကိုရောက်ရှိနေလေပြီ...
သူဟာ ပင်လယ်ပြင်ကိုလွမ်းဆွေးမှုပါဝင်နေသောမျက်ဝန်းဖြင့်ငေးကြည့်နေသည်။
မျက်ရည်တစ်ပေါက်က သူ့မျက်ဝန်းမှတစ်ဆင့် ပါးပြင်ထက်သို့ကျဆင်းလာသည်။
သူမသုတ်ဖြစ်ပေ..တဖြေးဖြေး မျက်ရည်တွေဟာ
တာကျိုးနေတဲ့ရေလို ကျဆင်းလာတယ်...။
သူဟာ မျက်နှာကိုလက်ဖြင့်အုပ်ပြီးငိုရှိုက်နေတယ်...။
အို သနားစရာက သူ့မှာနှစ်သိမ့်ပေးဖို့လူရှိမနေတာပါပဲ...
သူဟာ သိပ်ကိုဝမ်းနည်းနာကျင်နေဟန်...ညလေအေးကတောင်သူ့အတွက်အေးမနေခဲ့...။
ထို့နောက်တွင်တော့ သူ့နှုတ်ခမ်းပါးကဖွင့်ဟလာပြီးး တိုးဖျော့စွာရေရွတ်လိုက်ပြန်သည်။

"လှိုင်းရေ...ငါခင်ဗျားကိုသိပ်လွမ်းတာပဲကွာ...ငါလေ..ငါ..။
သူဟာဆက်မပြောနိုင်တော့ ဝမ်းနည်းမှုဟာရင်ဘတ်ထဲတွင်တစ်စို့နေတာကြောင့်..ကမ်းပါးရိပ်ဟာထပ်ငိုကြွေးလိုက်ပြန်သည်။ကမ်းပါးရိပ် တဲ့...ထိုကောင်လေးနာမည်ဟာ ကမ်းပါးရိပ်ဖြစ်တယ်...။
ထို့နောက်တွင် လေအေးတစ်ချက်ဟာ တိုက်ခတ်သွားပြီး သူ့အနောက်တွင် တစ်စုံတစ်ယောက်ရှိနေသယောင်...
လေအေးက သူ့နားရွက်ကိုဖျက်တိုက်သွားပြီးစကားတစ်ခွန်းကို ခပ်တိုးတိုးဆိုလိုက်သယောင်

"အချစ်‌ရေ~~ကျုပ်ကိုအချစ်လွမ်းတဲ့အခါ ပင်လယ်ပြင်ဆီသို့အရောက်လာခဲ့ပေါ့ ပင်လယ်လှိုင်းနဲ့အတူကျုပ်ကရှိနေပါတယ်"

စကားတစ်ခွန်း...အင်း..သူ့ကိုချစ်သောလှိုင်းခတ်ယံ သို့မဟုတ် သူချစ်‌ခဲ့သောလှိုင်းကပြောခဲ့ဖူးသောစကားတစ်ခွန်းပေါ့...
သူဟာ ထိုစကားကိုပြန်ကြားယောင်လိုက်တဲ့အခါ
သူ့မျက်နှာက အပြုံးတွေနဲ့ပြည့်နှက်သွားပြန်တယ်...
"လှိုင်းရေ...ခင်ဗျားရှိနေတယ်မလား...ခင်ဗျားအခုရှိနေတယ်မလားဟင် ပင်လယ်လှိုင်းတွေနဲ့အတူပေါ့..."

You've reached the end of published parts.

⏰ Last updated: Aug 14, 2021 ⏰

Add this story to your Library to get notified about new parts!

ပင်လယ်လှိုင်းနဲ့အတူWhere stories live. Discover now