နွေဦးကိုအစပြုနေတဲ့ ရာသီဥတုမှာ လေတွေကအစ လတ်ဆတ်တယ်လို့ ခံစားရတာကြောင့် ဘတ်ဟျွန်းကတော့ သဘောကျသည်။ ကောင်စုတ်လေးကတော့ နှင်းတွေကိုသာ သဘောကျပါတယ်တဲ့လေ ၊ သူ့ကိုပဲရွဲ့လေသလား? တကယ်ပဲ သဘောကျလေသလားမသိပေမဲ့လည်းပေါ့....
မပြောဘဲ ရုတ်တရက်ရောက်လာတဲ့သူ့ကိုမြင်ရင် ပျော်သွားမဲ့ပုံရိပ်လေးကို မြင်ယောင်မိတော့ မတိုင်မီကပင် ဘတ်ဟျွန်းပြုံးမိနေပါသည်။
အထဲမှာစောင့်နေရတာမျိုး မကြိုက်ဘဲ ထွက်လာတာကိုမြင်ရပြီး ကြိုရတာကို ပိုသဘောကျသည်။ ထို့ကြောင့်လည်း ဘတ်ဟျွန်းက မူပိုင်အတိုင်း ကားကိုမှီရပ်နေပါသည်။ ခပ်လျော့လျော့မှီထားတဲ့ Boss က အလုပ်ကဝင်လာမှန်း လှန်တင်ထားတဲ့ဆံပင်တွေအရ သိသာသည်။
အပေါ်ကုတ်ကြယ်သီးချွတ်ထားပြီး အောက်ခံအပြာရောင်ရှပ်နဲ့ ၊ အောက်နားစကို ဘောင်းဘီအမဲထဲထည့်ဝတ်ထားကာ ထောက်ထားတဲ့လက်တစ်ဖက်က ဘောင်းဘီခါးစပ်မှာ ။ ကျန်လက်တစ်ဖက်က ဖုန်းကိုင်လို့ ။ အချင်းချင်းလက်တို့ရင်း ငေးနေကြတဲ့ ကျောင်းသူလေးတွေကို Boss ကတော့ ရှိမှန်းတောင်သိမယ်မထင် ။”ဟို...ဗြောင်ဘတ်ဟျွန်းရှီ? ”
စူးစမ်းသလို အနားရောက်လာပြီး သူ့နာမည်ကို တိတိကျကျခေါ်လာသူကြောင့် ဖုန်းကိုပေးထားတဲ့အကြည့်တွေက အပေါ်ဆန်တက်ကုန်သည်။
”ဘယ်သူလဲ..ကိုယ့်ကို သိလို့လား ”
”ဟို...ကျွန်တော်က.. ”
ထိုလူက သူ့ကိုယ်သူမိတ်ဆက်ဖို့ လုပ်နေတာသိပေမဲ့ ဘတ်ဟျွန်းမြင်ဖူးမှန်းသိတာမလို့ ဦးနှောက်အလုပ်ပေးလိုက်သည်။
”Professor Lee? ”
မိတ်မဆက်ခင်မှာပဲ သိသွားတဲ့ ဘတ်ဟျွန်းကြောင့် ထိုလူက ခေါင်းတဆက်ဆက်ညိမ့်ပြလာတာ ဝမ်းသာအားရ ။
”ဘာကိစ္စ ကျွန်တော့ကိုခေါ်တာလဲ...”
မျက်နှာတည်နဲ့ ဘတ်ဟျွန်းက အရယ်အပြုံးသေးသေးတောင် မဖြစ်တာမလို့ ပြောမဲ့ကိစ္စက နှုတ်ဖျားမှာတင် တစ်နေသည်။
လက်ကနာရီကို လှမ်းကြည့်လာတဲ့ Boss က စိတ်မရှည်ခြင်းနဲ့ တွဲလျက် ။
စီးပွားရေးတက္ကသိုလ်က ဒီProfessor ကို ဘတ်ဟျွန်းစိတ်မရှည်တော့ပါ ။
စကားမဆက်ဘဲ ဒီတိုင်းရပ်နေလို့
ချန်းယောလ်ထွက်လာတာမြင်ရင်တော့ ဘတ်ဟျွန်း ဘယ်သူ့ကိုမှ ဂရုထားမနေဘဲ သွားမှာဖြစ်သည်။ သူ့ကောင်လေးနဲ့အချိန်တွေကို သူများပေးရအောင် ဘယ်သူ့ကမှ သူ့ကောင်လေးလောက် အရေးမကြီးနေတဲ့ ဥစ္စာ ။
![](https://img.wattpad.com/cover/275913980-288-k69683.jpg)
YOU ARE READING
Uncover <Completed>
Fanfictionချစ်တဲ့စိတ်ကို မဖုံးကွယ်တော့ဘူးမလို့ ခင်ဗျားဘက်က ဆက်ချစ်ပေးပါဦး ChanBaek