Part-1

4.3K 95 3
                                    

"ဧကရာဇ်၏ အမိန့်တော်!!!!!!"

တိုင်းပြည်အား အုပ်ချုပ်လျက်ရှိသော ကြီးမြတ်လှသည့် ရှင်ဘုရင် အရှင်ဖေးလုံ၏ သက်တော် ၂ဝဝဝပြည့်နှစ်၌ ကြင်ယာတော် ရွေးချယ်မည်ဖြစ်၍ မည်သည့်မိန်းမပျိုမဆို နန်းရင်ပြင်သို့ လာရောက်ရွေးချယ်ခံပါရန်!!!!!" ကြေငြာချက်ပြီးဆုံးသွားသည်နှင့် ဝိုင်းအုံနေသောလူအုပ်ကြီးမှာ ကမ်ဘာပျက်မတတ်အော်ဟစ်ကာကျန်နေခဲ့တော့သည် "အရှင်ဖေးလုံဆိုတာ မိစၦာဘုရငဖြေးလုံမဟုတလြား" "နောက်နေတာလား ဘယ်သူကဒီရက်စက်ကြမ်းကြုတ်တဲ့ မိစၦာရဲ့
မယားဖြစ်ချင်မှာလဲ"

"ရှူးတိုးတိုး...အသံကိုလျှော့စမ်းပါကွာ...ဟို မင်းအမှုထမ်းတွေ
ကြားသွားရင် မင်းခေါင်းပြုတ်မှာကွ" တစ်ယောက်တစ်ပေါက်ဆူညံသံများ အုံးအုံးကြက်ကြက်ဖြစ်လျက်

ရှန်တိုင်းပြည်သည်တရုတ်ပြည်မကြီး၏ အကြီးမားဆုံးတိုင်းပြည်ဖြစ်၏။ ရှန်တိုင်းပြည်တွင်လက်အောက်ခံနယ်ပယ် အမ်ားအျပားရွိ၍ တိုင်းပြည်ငယ်များလဲကြောက်ရွံ့ ရသောတိုင်းပြည်တစ်ခုဖြစ်သည်။ အင်အားကြီးသောတိုင်းပြည်တစ်ခုဖြစ်၍ အလွန်စည်ကားသာယာသောတိုင်းပြည်ကြီးလဲဖြစ်ပေသည်။

မည်မျှပင်အင်အားကြီးမားစေကာမူ..

ဖေးလုံဟုခေါ်သည့် မိစၦာဘုရငကြတော့ ထိုရှန်တိုင်းပြည်အား တိုက်ခိုက်သိမ်းယူထားခြင်းဖြစ်၏။ ရှန်တိုင်းပြည်မှအကောင်းဆုံးတိုက်ခိုက်ကာ ကာကွယ်ခဲ့သော်လည်း မရခဲ့။ ဖေးလုံ၏
မိစၦာမီးတောက်တစ်ခုနှင့်ပင်လျှင်
တိုင်းပြည်တစ်ဝက်လောက်ပြာကျသွားနိုင်သည်။

ထို့ကြောင့်ရှန်တိုင်းပြည်က လက်အောက်ခံကျွန်နိုင်ငံအဖြစ်ဖြင့်
နေခဲ့ရာမှ ယခုအထိ နှစ်ပေါင်း၅ဝဝကျော်လေပြီ။ဖေးလုံ၏ အမိန့်ပေးသမျှ စေခိုင်းသမျှရှန်တိုင်းပြည်ဘုရင်က လိုက်လျောသောကြောင့် ငြိမ်းချမ်းသော ရှန်တိုင်းပြည်ကြီးဖြစ်နေလေသည်။ ယခု ဖေးလုံ၏ အသက် ၂၀၀၀ပြည့်မွေးနေ့တွင် ကြင်ယာတော်ရွေးချယ်မည်ဆိုသည့်သတင်းက တိုင်းပြည်တစ်ခုလုံးကို အုံကြွစေရုံသာမက အခြားတိုင်းပြည်ငယ်များကပါ လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည်။

အရှင့်အလိုတော်ကျWhere stories live. Discover now