Part-2

2K 55 2
                                    

မိန်းမစိုး၏လျှောက်တင်ချက်အပြီးတွင်
ဘုရင်မင်းမြတ်က ထိုမိန်းကလေးအားကြည့်လိုက်သည်။
ရှည်လျားသော ဆံပင်အညိုရောင်နှင့် အစိမ်းရောင်ကြည်တောက်တောက် မျက်ဝန်းတို့ရှိ၏။

အလှဆိုမှ အလှလေးကိုတွေ့လိုက်ရသော
အိမ်ရှေ့စံယွီရှင်းတို့မနေနိုင်တော့ပေ။

"ခမည်းတော်...သားတော် ဒီမိန်းကလေးကိုနှစ်ခြိုက်ပါတယ် "
"အိမ်ရှေ့စံ ယွီရှင်း!!!"

ဒေါသတကြီးဖြင့်ခေါ်လိုက်သော ဖခင်အသံ
အိမ်ရှေ့စံယွီရှင်းဆိုသူက မင်းသားငါးပါးအနက်အကြီးဆုံးမင်းသားဖြစ်၍ လက်ရှိတိုင်းပြည်၏ အိမ်ရှေ့မင်းသားဖြစ်သူ။
စစ်သည်တော်တစီးအသွင်သို့ကြံ့ခိုင်သန်စွမ်းကာခန့်ညားသောအသွင်အပြင်ရှိလေသည်။

အိမ်ရှေ့စံဆိုကတည်းက ဘုရင်ရဲ့ အရိုက်အရာဆက်ခံမည့်သူ။
တိုင်းပြည်ရဲ့ ရင်နှစ်သည်းခြာလေးပေါ့။
ယွီရှင်းသည် ချင်းအာကို နှိပ်စက်ရတာ အလွန်သဘောကျလေသည်။

"ယွီရှင်း ဒီမိန်းကလေးတွေက ဖေးလုံအတွက်ပဲ
မင်းလိုချင်တယ်ဆိုရင် အချိန်မရွေးငါကိုယ်တော်မြတ်ရှာပေးနိုင်တယ်"

စကားသံအဆုံးတွင် ယွီရှင်းငြိမ်ကျသွားလေသည် ။ သို့ပေမယ် ကောင်းသောငြိမ်ကျသွားခြင်းတော့မဟုတ်။

နားလည်သည့်ပုံစံပြကာ
"သားတော် နားလည်ပါပြီ"
"ဒီမိန်းကလေးကို သန့်စင်ပေးပြီး ပြင်ဆင်ထားလိုက်ဒီညမိစ္ဆာတံခါးပေါက်ပွင့်တာနဲ့ သူ့ကိုပို့ဖို့အသင့်ပြင်တော့"
ချင်းအာတုန်လှုပ်သွားလေသည်။
ချင်းအာဒီလိုမျှော်လင့်ခဲ့တာမဟုတ်။
မိန်းကလေးတွေကိုကြည့်ချင်ရုံသာလာခဲ့သော်လည်း
သူကိုယ်တိုင်က မိန်းကလေးဖြစ်သွားမည်ဟု သူမထင်။

"အရှင်မင်းကြီး ကျွန်တော်မျိုးမလျှောက်တင်ပါရစေ!!!"
အသံမှာ တုန်လှုပ်ခြင်းတို့ပြည့်နှက်နေလေသည်။
"ကောင်းပြီ မင်းဘာကိုလျှောက်တင်မှာလဲ"
ချင်းအာဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် ဘုရင်ကနားလည်သည့်ပုံစံဖြင့်
"ယွီရှင်း မင်းဒီခန်းမကထွက်တော့ ကျန်တဲ့သူတွေ‌ ရဲမက်တွေ ကျန်တဲ့မိန်းကလေးတွေခေါ်ဆောင်ပြီး သူတို့နေရာကိုသာပြန်ပို့လိုက်တော့"

အရှင့်အလိုတော်ကျWhere stories live. Discover now