အစည်းအ၀ေးခန်းမကြီးထဲက လူတွေ တိုးတိုး တိုးတိုးနဲ့စကားတွေပြောနေကြသည်။ ထိုစကားသံတို့ဟာ တံခါးဖွင့်သံကြားလိုက်တာနဲ့အကုန်လုံးက တိတ်ဆိတ်သွားသည်။
အကြောင်းကတော့ Ruby compayရဲ့ceo၀င်လာခဲ့ခြင်းကြောင့် ဖြစ်တယ် သူ့ကိုတွေ့ရင် အားလုံးက ခေါင်းမဖော်ရဲကြ ။ သူမက ရက်စက်တတ်တာ ထိုအစည်းအ၀ေးခန်းက
လူတွေအသိဆုံးဖြစ်သည်။သူမက အစည်းအဝေးစားပွဲရဲ့ ထိတ်ဆုံးနေရာမှာရပ်ကာ
ဖိုင်တွဲတစ်ချို့ကို ခုံပေါ်ကို ခပ်ကြမ်းကြမ်းပစ်ချလိုက်သည်။အစည်းအဝေးပွဲရှိလူအားလုံးကလန့်သွားကြပြီး လေထုကလည်းအေးလာသထက်ပိုအေးစက်လာသည်။ ဒါပေမယ့် သူမရဲ့မျက်နှာက ဒေါသမီးတွေတောက်လောင်နေသရောင် မျက်လုံးတွေကလည်းနီစူးစူးဖြစ်နေသည်။ အံကြိတ်ထားသည့် အမျိုးသမီးကိုဘယ်သူ့မှ မော့မကြည့်ရဲ။
" compayရဲ့ ငွေစာရင်းတွေကို ဘယ်သူတာ၀န်ယူထားတာလဲ"
" ကျွန် ကျွန်တော်ပါ Ceoခဗျ "
ယောကျာ်းကြီးတစ်ယောက် မတ်တရပ်လိုက်တယ်
သူရှိနေတာက သူမနဲ့ တစ်ယောက်ကျော်ကျော်လေးမှာပဲjaneက ထိုယောကျာ်းကြီးဆီ စာရွက်စာတန်းတွေကိုပစ်ပေးလိုက်တော့စာရွက်လေးတွေဟာ ပြန့်ကျဲကုန်သည်
ထိုယောကျာ်းကြီးက စာရွက်တွေကို တုန်တုန်ရီရီဖြင့်ကောက်ပြီးကြည့်လိုက်သည်။" ကိုယ့်လုပ်ရပ် ကိုယ်သိပါစေ ဂျိုဂျင်မြောင်းရှီ "
" ကျွန်တော်တောင်းပန်ပါတယ် Ceo ဒါက... "
" :ဟက်! compay ပိုက်ဆံတွေကိုယူတုန်းက ယူထားပြီး
အခုကျမှတောင်းပန်တယ်တဲ့လား "" မဟုတ်ပါဘူး ကျွန်တော်မယူပါဘူး "
လိမ်ညာနေမှန်း မတည်ငြိမ်နေတဲ့မျက်လုံးတွေကသက်သေဖြစ်လိမ့်မည်။ အထိတ်တလန့်ဖြစ်နေမှန်း ထစ်ငေါ့နေတဲ့စကားလမ်းကြောင်းကိုကြည့်ရင်းသိနိုင်ပါသည်။
" ငါ့မှာ သက်သေရှိတယ် Joyယူလာခဲ့စမ်း "
မဲ့ပြုံးလေးပြုံးပြီး သူမရဲ့အတွင်းရေးမှူး joyကိုပြောလိုက်သည်။ Joyယူလာတဲ့ စာရွက်ကို သူမက ဂျိုဂျင်မြောင်မျက်နှာကိုပစ်ပေါက်ကာ ပေးလိုက်သည်။