001.

7K 210 1
                                    



၂၀၁၀ခုနှစ်သို့နောက်ကြောင်းပြန်ခြင်း,

Seulgi Prov:

Kang Mansion

Alarm သံအကျယ်ကြီးကိုမြည်လာပေမယ့်မထချင်သေးဘူး။ဒါပေမယ့်တက္ကသိုလ်နောက်ဆုံးနှစ်ရဲ့ပထဆုံးအတန်းနေ့ကိုမဖြစ်မနေသွားရမယ်လေ။

" ဆူးလ်ဂီထတော့လေ! ဒီနေ့ကျောင်းစတက်ရမှာနော်.. နောက်ကျနေအုံးမယ်.. ပြီးတော့တက္ကသိုလ်အသစ်ပြောင်းထားတာလည်းမေ့မနေနဲ့အုံးမာမီ့သမီးလေးရဲ့"

" ဟုတ်မာမီ။ ပထမဆုံးနေ့ပဲကိုမတက်လို့မရဘူးလား? အရင်ကျောင်းလိုပဲပျင်းစရာကောင်းမှာပဲကို"

" ရား.. ထတော့"

မာမီကကျွန်မခေါင်းကိုခေါက်လိုက်တယ်။

" အား.. မာမီ"

အိပ်ယာမှထပြီးရေမိုးချိုးကာအောက်ဆင်း၍မနက်စာစားသည်။

မနက်စာစားပြီးတာနဲ့  ကိုယ့်ကားနဲ့ကိုယ်ပဲကျောင်းကိုသွားလိုက်တယ်။

ကျောင်းရောက်တော့ အားလုံးကကျွန်မကို  အထူးအဆန်းလိုလိုက်ကြည့်နေတာ။ ကျွန်မရဲ့ကားကြောင့်ဒါမှမဟုတ်ကျွန်မရဲ့ခန့်ညားမှုတွေကြောင့်ဖြစ်မှာပါလို့ပဲ  ထင်လိုက်တယ်။  ဒါပေမယ့်ရုတ်တရက်ကြီးကျွန်မ ဘေးမှကောင်မလေးများအတင်းပြောနေသည်ကိုကြားလိုက်ရတယ်။

Student A - " အဲ့Irene ကတကယ့်မြေခွေးမပဲ။Sam  နဲ့ပျက်သွားတယ်လို့ သတင်းကြားရုံတင်ရှိသေးတာကိုသူကတစ်ခြားကောင်လေးတစ်ယောက်နဲ့ တွဲနေပြီတဲ့"

Student B - " အို! တကယ်ကြီးပဲပေါ့။ ငါလည်းအဲ့သတင်းကြားလိုက်တယ်။ အေ့လေ ..သူကတက္ကသိုလ်ရဲ့နာမည်ကြီးဆိုတော့ ယောကျာ်းလေးတိုင်းကလည်းကပ်ချင်နေကြတာပေါ့"

Student A - " ဟုတ်တယ်။ သူကချမ်းသာတယ်၊ လှတယ်၊ Hot ဖြစ်တယ်၊တော်တယ်ပြီးတော့  မြေခွေးမလိုလည်းကောက်ကျစ်သေးတယ်။ "

Student B - " သူဘယ်တုန်းက ကြာကြာတွဲဖူးလို့လည်းPlay girl ကြီးကို"

ကျွန်မတောင်သူ့ မျက်နှာကိုမြင်ဘူး ချင်သွားသည်။ သူတို့ပြောသလို ဘယ်လောက်လှလဲသိချင်လို့။ ဒီလူအုပ်က အဲ့ကောင်မလေးကိုစောင့်နေတယ်နေမှာ။ ပန်းစည်းတွေနဲ့ရော။ ချစ်ခွင့်ပန်မလို့ထင်တယ်။

Marry The Devil Woman [ g!p ] ( Myanmar Translation )Where stories live. Discover now