Final 015.

4.3K 150 2
                                    



တစ်နှစ်ခန့်ကြာပြီးနောက်

Seulgi prov.

နေရောင်ခြည်ကပြတင်းပေါက်မှတစ်ဆင့်အခန်းထဲသို့ တိုးဝင်လာတယ်။

ကလေးငိုသံကြားတော့ ဂျူဟျွန်းထကြည့်မှာပါဆိုပြီး ဆက်အိပ်နေတုန်း မိန်းမက ကျွန်မကို ကုတင်ပေါ်က ကန်ချလိုက်တယ်။

" Ouch.. Joohyun.. ဘာလို့ကိုယ့်ကို ကန်ချရတာတုန်း "

" သမီးကို သွားကြည့်လိုက်အုံး.. အပျင်းကြီးမနေနဲ့ "

" Ok! boss "

ကျွန်မလည်း ကုတင်ပေါ်မှဆင်းကာ သမီးလေးကို နို့ဘူးတိုက်ပြီး ချော့လိုက်တယ်။

ဟုတ်တယ်။သမီးလေးက ဂျူဟျွန်းလိုပဲအရမ်းချစ်ဖို့ကောင်းတယ်။ မျက်လုံးတွေကလည်း ဝိုင်းစက်လို့။

ကျွန်မထက် ဂျူဟွန်းနဲ့ပိုတူလို့တောင် အူတိုမိတယ်။ ဟုတ်တယ်လေ.. ကျွန်မကလည်း သူ့ဒယ်ဒီပဲဟာကို နည်းနည်းပါးပါးတော့ တူပေးပေါ့။

" Yerimme~ မငိုနဲ့နော် ဒယ်ဒီက အရမ်းချစ်တယ်နော်"

သမီးလေးကို ပွေ့လာပြီး ဟျွန်းရဲ့ ရင်ဘက်ပေါ် တင်ပေးလိုက်တော့ ဟျွန်းက သူအိပ်နေတာ နှောက်ယှက်လို့ထင်တယ် ဒေါသတွေထွက်နေရှာတာ။

" ထတော​့ဟျွန်း.. ကလေးက ကိုယ်တို့နဲ့ ကစားချင်နေတာ "

" အား.. ဂန်ဆူးလ်ဂီ! အိပ်ချင်သေးပါတယ်ဆို "

နှုတ်ခမ်းကြီးစူနေတဲ့ ဇနီးလေးကိုကြည့်ကာ

" ထပါ ဟျွန်းကလည်း... ချစ်တယ်နော်... ကိုယ်လည်း အလုပ်သွားရအုံးမယ်လေ "

" ဟွန်း.. ဟုတ် "

သမီးလေးကိုချီထားတဲ့ ဇနီးကိုကြည့်ကာကျွန်မပြုံးလိုက်မိတယ်။ ဂျူဟျွန်းနဲ့အတူ မိသားစုဘဝထူထောင်ရတာက ကျွန်မရဲ့ပျော်ရွှင်မှုပဲလေ။

နေပါအုံး.. ဒီနေ့ဘာနေ့ပါလိမ့်။ ဖုန်းကိုထုတ်ကြည့်လိုက်တော့.. အမလေးဘုရားရေ.. anniversary နေ့ကြီးကို မေ့တော့မလို့။

အိပ်ယာပေါ်ပြန်ထိုင်လိုက်တော့ မိန်းမဖြစ်သူက ကျွန်မကိုကြောင်ကြည့်လာတယ်။

" ဘာလဲ? "

" ဟျွန်း! ဒီနေ့ ဘာနေ့လဲ "

" တနင်္လာနေ့လေ.. ဘာဖြစ်လို့လဲ"

" ရား.. ကိုယ်တို့ရဲ့ anniversary နေ့လေ ဟျွန်းရဲ့ "

" Omo.. မေ့နေတာ "

" ကိုယ်ရောပဲ ဟီးဟီး ဒါမဲ့ ချစ်တယ်နော်"

ဂျူဟွန်းရဲ့ နှုတ်ခမ်းကိုနမ်းပြီး Yeri လေးရဲ့ပါးကို နမ်းလိုက်တယ်။

သူတို့က ကျွန်မရဲ့အရာအရာ၊ ကျွန်မရဲ့ဘဝတွေပဲလေ။

" ဟျွန်း ချစ်တယ်နော်"

" ရား.. အဲ့တာကြီးပဲပြောနေတာများနေပြီနော်"

" ကိုယ့်ဘဝကြီးထက်ကိုပိုချစ်တယ် ဂန်ဂျူဟျွန်း! "

" အရူးကြီး ဂန်ဆူးလ်ဂီ "

-------------- ပြီးပါပြီ------------



* ဖတ်ရှုပေးသူ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် *

* နောက်လည်း ကိုယ်ဖတ်ရင်း သဘောကျတဲ့ fic တွေကို အတတ်နိုင်ဆုံး ပြန်လည်ဝေမျှပေးနိုင်အောင်  ကြိုးစားသွားပါ့မယ်  * 

Marry The Devil Woman [ g!p ] ( Myanmar Translation )Where stories live. Discover now