ဒီနေ့ အားယွမ်လေးတစ်ယောက် မူကြိုကနေ အစောကြီး ပြန်ရောက်လာခဲ့တယ်။ အိမ်ထိန်းကြီးက အဝတ်အစားလဲပေးပြီး သူ့ မာမားကို မတွေ့လို့ လိုက်ရှာကြည့်တော့ မီးဖိုချောင်မှာ ဟင်းချက်နေတဲ့ မာမား။ မာမားက ခုဆိုရင် ညီမလေးကို လွယ်ထားရတယ်ဆိုပြီး ဗိုက်ကြီးက ဖောင်းကားနေပြီ။ အားယွမ်လေးက " မာမားဗိုက်က လေးနေလို့ သား ကိုင်ပေးမယ် " ပြောရင် မာမားက အပြုံးလေးနဲ့ သူ့ကို တုံ့ပြန်နေကျ ။ မာမားဟင်းချက်နေတာကို စောင့်နေရင်းနဲ့ အားယွမ်လေးလည်း ဧည့်ခန်းထဲမှာ အရုပ်တွေနဲ့ ဆော့နေလိုက်တယ် ။
" အားးး .... အားယွမ် .... အားယွမ် "
မီးဖိုချောင်ထဲက မာမားရဲ့ အော်သံကြားတော့ ချက်ချင်းပဲ ထသွားလိုက်တယ် ။ မီးဖိုချောင်ထဲရောက်ရောက်ချင်း မားမားကို ကြည့်လိုက်တော့ ဗိုက်ကိုဖိပြီး အသည်းအသန် အော်ငြိီးနေတဲ့ မာမား။ အားယွမ်လေး အရမ်းနာကျင်နေတဲ့ မာမားကို မြင်တော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ အားယွမ် ငိုချင်တာပဲ သိတော့တယ်။
" မာမား ... မာမား .... အရမ်းလေးနေလို့လားဟင် ဗိုက်ကြီးက ... သားကိုင်ပေးရမလားဟင် မာမား "
ရှောင်ဟွားတစ်ယောက် သူ့သားလေးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကို ကြည့်ပြီး ရယ်ချင်ပေမယ့် သူ မရယ်နိုင်တော့ဘူး။ ဗိုက်က အရမ်း ထိုးအောင့်နေပြီး သေမတတ်ကို ခံစားနေရတာ။မွေးတော့မယ် ထင်ပါရဲ့။ သူမ ရှိသမျှ အားလေးတွေက်ို စုပြီး ရှေ့မှာ မျက်နှာငယ်လေးနဲ့ ကြည့်နေတဲ့ အားယွမ်လေးကို ပြောလိုက်တယ်။
" အားယွမ် ... သားရဲ့ ပါပါး .... ပါပါး... ဆီကို ဖုန်းဆက်ပေး ... မြန်မြန် .... မြန်မြန် ပြန်လာခဲ့ပါ .... လ်ို့ "
အားယွမ်လေး ချက်ချင်းပဲ ဖုန်းကို ပြေးယူပြီး ပါပါးဆီကို ဖုန်းခေါ်လိုက်တယ်။ ဝင်သာ ဝင်နေပြီး မကိုင်တဲ့ ပါပါးရဲ့ ဖုန်းကြောင့် အားယွမ်လေး ဒေါသထွက်နေတော့တယ်။ မာမားရဲ့ ချွေးတွေပြန်နေပြီး အရမ်းနာကျင်နေတဲ့ ပုံစံကို မြင်ပြီးတော့ အားယွမ်လေးငိုချင်နေပြီ ။ ဖြစ်နိုင်ရင် အဲ့ဗိုက်ကြီးကို အားယွမ်လေးပဲ ဖြုတ်ပြီး ကိုင်ပေးလိုက်ချင်တော့တာ။ ခု သူ သိတာက ဖေဖေ့ကို ဖုန်းရအောင်ဆက်ပြီး ပါပါးကို မြန်မြန် ပြန်လာခိုင်းဖို့ပဲ။
YOU ARE READING
My Sister's Husband
FanfictionYizhan Burmese Translated Fanfiction !! Translated with permission . Fully credited to @pricelessjew ______________ " မင်း ..... မင်း အစ်မရဲ့ ယောက်ျားကို လက်ထပ်ရမယ် ရှောင်ကျန့် ... ဒါငါတို့ မိသားစုရဲ့ ထုံးတမ်းအစဉ်အလာပဲ ပြီးတော့ ဒါက ငါ့ရဲ့ အမိန့်ပဲ...