🍁 နွဦေးမေ 🍁

325 15 0
                                    

(Zawgyi)

(Jan 31, 2021)
"သမီးရေ.. မီးငယ် လာပါဦးကွယ်
မေမေ့ကို လမ်းထိပ်က နို့ဟင်းမလိုင်လေး ဝယ်ပေးပါဦး.."

"ဟာ.. မေမေကလုပ်ပြီ.. ဒီမှာ Gameထဲ ရောက်နေတဲ့ဟာကို.."

"အေး.. နင်တစ်နေကုန် အဲ့Gameပဲ ဆော့နေတာပဲ.. ဘယ်နေ့မျက်လုံးကျွတ်ထွက်မလဲ မသိဘူး.. အမေခိုင်းလိုက်ရင်ကြတော့ ဟင်တွေဟာတွေနဲ့.. ထ အခုချက်ချင်း သွားဝယ်ပေး.."

"ခဏလေးပါ မေမေရယ်.. ဟိုဘက်က ​လေးကောင်ပဲ ကျန်တော့တာ.. မကြာခင်ကြက်သားစားရတော့မှာ မေမေရဲ့.."

"ခိုင်းလိုက်ရင် အမြဲ ဒီလိုကြည့်ပဲ.. ချက်ချင်း ထလုပ်ပေးတယ်လို့ကို မရှိဘူး.. အဲ့စောက်ဂိမ်းပဲ ဆော့နေတာ.."

မေမေသည် ခြံထဲက သူပျိုးထားတဲ့ သစ်ခွပန်းပင်လေးတွေကို ရေဖျန်းပေးနေရင်း နှုတ်မှ တတွတ်တွတ် ဆိုပြောနေတော့သည်။ ခြံဟု ဆိုလိုက်ပေမယ့် ၁၆ပေ ပတ်လည်မျှသာရှိသော အိမ်ရှေ့မျက်နှာစာလေးသာ။ နွဦေးမေဆိုတဲ့ ကျွန်မကလည်း ဂိမ်းနဲ့ပက်သက်ရင် ထမင်းမေ့ဟင်းမေ့မို့ ဧည့်ခန်းမှာပဲ ဂိမ်းဆက်ဆော့နေလိုက်သည်။ မကြာပါဘူး တစ်ဖက်က enemy လေးကောင်ကို အပြတ်ဖြုတ်နိုင်လိုက်သည်။ ဒါနဲ့ပဲ အားကုန်ခါနီးဖြစ်နေတဲ့ ဖုန်းလေးကို အားသွင်းခဲ့လိုက်ပြီး အိမ်ရှေ့သို့ ထွက်ခဲ့လိုက်သည်။

"မေမေကလည်းနော်.. ကလေးကုလားနဲ့ နို့ဟင်းမလိုင် သောက်ချင်ရတယ်လို့.."

"ဟဲ့ ငါလည်း ညနေစာ မစားခင် အဆာပြေလေး စားချင်လို့ပေါ့အေ.. ပြီးရင် ညည်းက တောင်းမသောက်မှာကြလို့.."

"ဟာ.. မေမေသောက်မှတော့ သမီးလည်း သောက်မှာပေါ့.. ဒီသမီးလေးတစ်ယောက် ရှိတာကို မေမေက မသဒ္ဒါဘူးလား.."

"ကျုပ်မှာ သမီးနှစ်ယောက် ရှိတာပါအေ.. ညည်းအမကို ဘယ်နားဖွက်ထားလိုက်တာတုန်း.."

"မမက အလုပ်ကိစ္စနဲ့ ခရီးထွက်နေတော့ ဒီချိန်မှာ သမီးက တစ်ဦးတည်းသော သမီးပဲလေ.."

"စကားကို များတယ်အေ..
ရော့ ဒီမှာ ၁၀၀၀.. ၂ပွဲဝယ်ခဲ့..
လမ်းထိပ်ကဆိုင် မထွက်ရင် တောင်ဘက်ကျုံးက ဆိုင်တွေထိ သွားဝယ်ခဲ့.."

🍁 နွေဦးမေ 🍁Where stories live. Discover now