Part 1

179 23 18
                                    

Unicode

ခြံအမှတ် 99 ​ရှေ့မှာရပ်လိုက်တဲ့အမည်း​ရောင်ကားတစ်စီး။ ဂျီမင်ကား​ပေါ်ကမဆင်း​သေးဘဲ အိမ်ပတ်ဝန်းကျင်ကိုအကဲခတ်မိသည်။

ခြံထဲပန်း​​လေး​တွေကပွင့်​​နေပြီး​ ခြံအကျယ်ကလည်းအ​တော်အသင့်မို့ ​နေချင်ဖွယ်​ကောင်း လှသည်ဟုကောက်ချက်ချမိသည်။
အိမ်ပုံစံ​လေးကလည်း​သေ​သေသပ်သပ်နဲ့မို့ မြင်သူတိုင်းအကြည့်မလွဲနိုင်​အောင်ဖြစ်ကြမည်မှာအမှန်ပင်။ ​ဂျီမင်​ငေး​နေရင်းနဲ့သစ်ပင်ကြီးတစ်ပင်မှာကြိုးနဲ့လုပ်ထားတဲ့ဒန်း​ဆီသို့အကြည့်​ရောက်သွားသည်။ဒန်း​ကတတ်စီးရင်​တောင်ပျက်ကျ​တော့မည့်ပုံ။နှစ်အ​တော်ကြာ​နေတာ​တောင်အရင်​နေခဲ့တဲ့သူ​တွေကဘာလို့အသစ်မလဲတာလည်းလို့စိတ်ထဲ​တွေး​နေမိ​သည်။

အိမ်ကိုဘယ်​​လောက်ထိစိုက်ကြည့်မိသလဲမသိ၊​ဘေးနားက​ခင်ပွန်းဖြစ်သူယွန်ဂီကပုခုံးကိုလာဖက်မှအသိပြန်ဝင်​တော့သည်။ယွန်ဂီနဲ့သူ့လိုပဲ ထယ်​ယောင်းတို့လည်းလက်ထက်ထားခြင်းပင်။အိမ်​ထောင်သက်တမ်းတော့၁နှစ်ကြာပြီဖြစ်တယ်။ကား​နောက်ခန်းကသူငယ်ချင်းဖြစ်သူအတွဲကိုလှမ်းကြည့်မိ​တော့ဘေးပတ်ဝန်းကျင်ကို​စူးစမ်း​နေ​လေရဲ့။
.
.

ဂျီမင်သာဆက်ကြည့်​နေခဲ့ရင်​လေမတိုက်ဘဲလှုပ်​နေတဲ့ဒန်းကို​တွေ့မှာအမှန်ပင်။
.

ဒီ​အိမ်ကို​ရောက်လာတဲ့အ​ကြောင်းအရင်းက ထယ်​ယောင်းရဲ့ဦး​လေးဖြစ်သူကဒီအိမ်ကိုဝယ်လိုက်တာပြီးငှားမည့်သူမရှိ​သေး၍ခဏ​နေခိုင်းခြင်းဖြစ်သည်။အစကသူနဲ့​ဂျောင်ဂုနှစ်​ယောက်တည်း​နေမလို့ဟုစီစဥ်​သော်လည်းသူငယ်ချင်းဂျီမင်တို့ကိုပါ​ခေါ်ကာသူတို့​လေး​ယောက်အိမ်မှာတည်းပြီး​လျှောက်လည်မည်ဟုဆုံးဖြတ်လိုက်ခြင်းပင်။​

ဝယ်ဖြစ်တဲ့အ​ကြောင်းက​တော့ရောင်းတဲ့သူကလည်း​စျေးကိုမတရား​​လျော့​ရောင်းတာ​ကြောင့်လည်းပါမည်။​
ထယ်​ယောင်းစိတ်ထဲတွင်တစ်ခု​တော့အလိုမကျဖြစ်​နေ​လေသည်။ဒီအိမ်ကြီးကဒယ်ဂူမှာနာမည်ကြီးတယ်တဲ့။ နာမည်ကြီးတဲ့အိမ်ကဘာလို့ခုလို​စျေးတန်တန်နဲ့ရသွားတာလည်း။အာ...​တွေးရင်းနဲ့ရူး​​တော့မယ်။
​တွေးလက်စအ​တွေးကိုဖြတ်ကာကား​ပေါ်ကဆင်းပြီး​လေကိုရှုလိုက်မိ​တော့လန်းဆန်းသွားသည်။

Plot 99 Where stories live. Discover now