ချစ်ခြင်းအစမုန်းခြင်းကတဲ့ တကယ်လဲမှန်နေတာပဲဗျာ ကိုကိုကျွန်တော့်ကိုမုန်းလေ ကျွန်တော်ကတော့ ချစ်နေအုံးမှာပဲ ကိုကိုသေအောင်မုန်းစမ်း ကိုကိုမုန်းလေ ကျွန်တော်ကတော့ ချစ်လေပဲ အတ္တကြီးတယ်ဆိုပြီး ပြောလည်းရတယ် ကျွန်တော့်ရဲ့အတ္တက ကိုကိုပဲ ကိုကိုကြောင့် ကျွန်တော်ချစ်တတ်လာတာ ကိုကိုကြောင့် ကျွန်တော်အရွဲ့တိုက်တတ်လာတာ ကိုကိုကြောင့် ကျွန်တော် ဆိုးတာ ကိုကိုသာ ကျွန်တော့်ရဲ့အချစ်ကို မြင်အောင်ကြည့်ပေးရင် ကိုကိုလည်း ကျွန်တော့်ကိုချစ်လာမှာသိလား ။ မုန်းခြင်းရဲ့အစက မိုးရွာတဲ့ညကဆိုပါတော့ .........
" ကိုကို့ကို လိုက်နှောက်ယှက်နေတာ မရပ်သေးဘူးလားဟင် kookie ''
" လိုက်မနှောက်ယှက်စေချင်ရင် ကိုကိုလည်း ဟိုဆရာဝန်ကောင်နဲ့မတွဲနဲ့ပေါ့ ''
" မင်း ဟာကွာ ဟိုလူနဲ့မတွဲနဲ့ ဒီလူနဲ့မတွဲနဲ့ဆိုပြီး ဘာလို့ပြောနေတာလဲ ကိုကိုလည်းလူပဲ အချိန်တန်ရင် ရည်းစားထားပြီး အချိန်တန်ရင် မိန်းမယူမှာပေါ့ ''
Jungkook မကြားချင်ဆုံးစကားက ကိုကို့ဆီကနေ ဒီလိုပြောလာမှာကိုပဲ မဖြစ်ရဘူး ကိုကိုရည်းစားမထားရဘူး !!
" ဟင့်အင်း ကိုကိုရည်းစားမထားရဘူးနော် ကျွန်တော့်ကို ပြန်မချစ်နိုင်ရင်လည်း နေပါ ရည်းစားတော့မထားပါနဲ့ ကျွန်တော်မခံစားနိုင်လို့ပါ ''
" မင်းနဲ့ငါက မဖြစ်နိုင်ဘူး ဆိုတာ မင်းသိရဲ့လား ကလေးအတွေးတွေကိုအခုထိမစွန့်ပစ်နိုင်သေးဘူးလားဟမ် ''
" ဘာလို့မဖြစ်နိုင်ရမှာလဲ ကိုကိုကလည်း ကျွန်တော့်ကို ချစ်တယ် လို့ပြောခဲ့တာပဲ ဖြစ်နိုင်တယ် ဖြစ်ကိုးဖြစ်နိုင်တယ် ''
" ကျွတ် ခက်တာပဲ မင်းကို ကိုကို ချစ်တယ်ဆိုတာက ညီအစ်ကိုတွေလိုချစ်တာ ဟိုလိုမဟုတ်ဘူး ဘယ်နှခါပြောရမလဲ ''
" ကျွန်တော်ကတော့ ကိုကို့ကို ချစ်သူလိုချစ်တာလေ ကိုကိုသိတယ်မလားဟင် ''
" အေး သိလို့လည်း ကိုကို မင်းနဲ့အတူ မနေချင်တော့လို့ အိမ်ကနေထွက်လာတာ မင်းကငယ်သေးတယ် အဲ့တာတွေမစဥ်းစားပါနဲ့အုံး ''
YOU ARE READING
Love begins with hate
Fanfictionကိုကိုသာ ကျွန်တော့်ရဲ့အချစ်ကို မြင်အောင်ကြည့်ပေးရင် ကိုကိုလည်း ကျွန်တော့်ကိုချစ်လာမှာသိလား