Kim Taehyung တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် တံခါးဖွင့်ထားတဲ့ အိမ်ထဲသို့ အသံမထွက်အောင် ဝင်သွားသည်.... ကျွတ် ကိုယ့်အိမ်ထဲကိုတောင် သူခိုးလိုဝင်သွားရတဲ့အဖြစ်ပါလား.... အပေါ်ထပ်ကိုတက်သွားတော့ ရေချိုးခန်းထဲကနေ အသံကြားလိုက်သည်...တံခါးနားက ထီးတစ်လက်ကိုယူလိုက်ပြီး ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်တော့ အသားဖြူဖြူနဲ့လူတစ်ယောက် အပေါ်ပိုင်းဗလာဖြင့် ထွက်လာတော့ ထီးနဲ့ရိုက်ချရန်ပြင်တော့ ထိုသူသည်အော်ပြီး သတ်ိလစ်သွားသည်
' အားး အမေ့ '
" ဟင် ဒုက္ခပါပဲ သေသွားတာလား ဘယ်လိုလုပ်ရမလဲ ''
Taehyung လည်း သူ့ကိုချီလိုက်ပြီး ခုတင်ပေါ်တင်လိုက်သည် သူနဲ့တော်မယ့်အင်းကျီတစ်ထည်ကိုရွေးပြီးဝတ်ပေးလိုက်ရသည်....သူနိုးလာရင်စားဖို့ထမင်းချက်ပေးပြီး ဆေးရုံကိုပြန်လာလိုက်သည်။ နောက်နေ့မှ ထပ်တွေ့ကြတာပေါ့..။
ဆေးရုံရှေ့တွင် မထင်မှတ်ဘဲနဲ့ Jungkook နဲ့ Jimin ကိုအတူတွေ့လိုက်ရတော့ Taehyung အတတ်နိုင်ဆုံး ပြုံးထားလိုက်ပြီး
" Jungkookရောက်နေတာပဲ Min ကလဲ အထဲကိုခေါ်တာမဟုတ်ဘူး အပြင်မှာ အေးနေတာကို ''
Jimin က Taehyung ကို စိတ်ပူစွာဖြင့်
" Tae အိမ်ပြန်တာလည်းကြာလိုက်တာ Min စိတ်ပူနေတာ ''
Jungkook က
" ကိုကိုကလည်း Tae က ကလေးမှမဟုတ်တာ စိတ်ပူစရာမလိုပါဘူး ပြီးတော့ အိမ်မှာကသူတစ်ယောက်ထဲမှမဟုတ်တာကို မဟုတ်ဘူးလား Taehyung ''
Taehyung နေရခက်သွားသည်... Jungkook ကဘယ်လိုလုပ်ပြီးသိနေတာလဲ Min ကိုဘယ်လိုရှင်းပြရမှာလဲ...
" ဟင် အိမ်မှာ ဧည့်သည်ရောက်နေတာလား Tae ''
" အာ ဟုတ်တယ် အမေတို့လွှတ်လိုက်တဲ့ဧည့်သည်ပါ ''
" အော် အဲ့တာကြောင့် ကြာနေတာကိုး ဘာမှမစားရသေးဘူးမလား ဆာနေရောပေါ့ ''
" အင်း အမှန်ပြောရရင် Tae ဗိုက်ဆာနေပြီ Min တစ်ခုခုချက်ကျွေးပါလား ''
Jungkook မျက်နှာပျက်သွားသည်... ကိုကိုက မချက်တတ်ဘူးလေ အိမ်မှာဆိုရင် ကျွန်တော်ကပဲ ကိုကိုစားချင်တာရှိရင် ချက်ကျွေးရတာလေ.....
ESTÁS LEYENDO
Love begins with hate
Fanficကိုကိုသာ ကျွန်တော့်ရဲ့အချစ်ကို မြင်အောင်ကြည့်ပေးရင် ကိုကိုလည်း ကျွန်တော့်ကိုချစ်လာမှာသိလား