🌺part_5💫

59 4 0
                                    

(Unicode)

"မောင်မင်းကခေါင်းမာနေမှတော့လည်း
မောင်မင်းနှင့်ထိုက်သင့်သည့်အပြစ်ဒဏ်ကို
ငါကိုယ်တော်ပေးရလိမ့်မယ်......"

"မှန်လှပါအရှင်.....
အကျွန်ုပ်အားထိုက်သင့်သည့်အပြစ်ဒဏ်အားပေးပါ....."

"စစ်သေနာပတိ......
ဒီငမိုက်သားအားအချုပ်၌
ဖမ်းဆီးထားစေ...."

"မှန်လှပါအရှင်...."

"ဒီငမိုက်သားအားမနက်ဖြန်
ရုံးတော်တင်၍စီရင်ဆုံးဖြတ်မည်..."

"သင့်မြတ်လှကြောင်းပါအရှင်...."
ဟုအမတ်များကထောက်ခံ
ပြောဆိုလေသည်။

"ကိုယ်တော်........
နေ၀ဏ္ဏအားမည်သို့
စီရင်ချက်ချမည်ဟု
ဆုံးဖြတ်ထားပါသနည်း...."

"ကိုယ်တော်သူအားရုံးတော်မာ
အခွင့်ရေးထပ်ပေးလိုက်ပါမယ်
နှမတော်......
ဤအကြိမ်မာမပြောသေးပါက
နေ၀ဏ္ဏအားသေဒဏ်ချမှတ်ဖို့ဆုံးဖြတ်ထားပါတယ်နှမတော်....."

"ရှင်.........
အက်လောက်ထိလိုအပ်လို့လား
အရှင်မင်းကြီး......."

"ကိုယ်တော်၏ဆုံးဖြတ်ချက်ကို
ကန့်ကွက်ဖို့မကြိုးစားပါနဲ့
နှမတော်....."

"မှန်လှပါအရှင်.....
နှမတော်မတားစီးတော့ပါဘူး....."
ဟုပြောပြီးနောက်ရှင်စောမဏီ
တစ်‌ေယာက်
သူမ၏အဆောင်အားပြန်လေသည်။

နောက်တစ်နေ့မနက်တွင်
.....................................

"ကဲ.......မောင်မင်း
ဒီကနေ့ရုံးတော်တွင်....
မှန်မှန်ကန်ကန်ပြောကြားရန်
လိုပေသည်
မဟုတ်ပါကမောင်မင်း၏အသက်ကို
စွန့်လွှတ်ရမည်ဖြစ်သည်။
သေချာစွာဆုံးဖြတ်ပါ......"

"မှန်လှပါအရှင်.......
အကျွန်ုပ်အားသတ်ရင်လည်း
ခံပါမည်။
အဘယ်အကြောင်းနဲ့မှ
ပြောမည်မဟုတ်ပါ......"

"သိပ်ခေါင်းမာလွန်းတာပဲ....."

ထိုအချိန်တွင်ရှင်စောမဏီသည်
နေ၀ဏ္ဏအနားသို့သွားလေသည်။

"အသင်နေ၀ဏ္ဏ......
အသင်ဘာကိုလိုချင်ပါသလဲ
အကျွန်ုပ်ဖြည့်စီးပေးပါ့မယ်
ဒါပေမယ့်သော့အားဖွက်ထားသောနေရာကိုပြောပြပေးစေချင်ပါတယ်...."

Will You Leave Me Again{Complete}(Unicode & Zawgyi)Where stories live. Discover now