ဉီး

32.5K 1K 242
                                    

ဒေါက်..ဒေါက်...ဒေါက်

"သားငယ်လေးရေမနက်စာစားလို့ရပြီး။ဆင်းလာတော့နော်သွားစရာရှိတယ်ဆို''

မနက်စာစားဖို့နောက်ကျနေလို့ဒေါ်မေသူဇာမှာတူတော်မောင်ကိုအပေါ်တက်နှိုးရတယ်။

"ဟုတ်ကြီးမေ။သားဆင်းလာခဲ့မယ်" လို့ကြီးမေကိုအော်ပြောပြီးတာနဲ့အဝတ်အစားတွေကိုအကုန်ထုတ်ကာဘယ်ဟာဝတ်ရမလဲသေသေချာချာကြည့်နေ‌တော့တယ်။
ရွေးနေတာနာရီဝက်လောက်ကျမှကိုယ့်အကြိုက်တွေ့လို့ဝတ်ပြီး၊Gucciရေမွှေးလေးစွတ်ကာအောက်ထပ်ကိုအမြန်ပြေးဆင်းခဲ့သည်။

"အောင်မလေးသားငယ်လေးရယ်ဖြေးဖြေးဆင်းစမ်းပါဟယ်။မသိရင်ကျားလိုက်နေသလိုဘဲ။ပြုတ်ပျက်ကျနေပါဉီးမယ်ဟယ်။"

"ဟီးဟီးးဟုတ်ကဲ့ပါကြီးမေရဲ့။''

လင်းငယ်အစားကိုမြန်မြန်စားကာကြီးမေရေသားသွားတော့မယ်။ခနနေရင်ဉီးဆီမှာလူနာတွေအများကြီးဖြစ်နေရင်မတွေ့ရနေဉီးမယ်။သွားပြီးတော့တာကြီးမေ။

"ကားကိုဖြေးဖြေးမောင်းနော်သားငယ်လေးရေ''

"ဟုတ်ကဲ့ကြီးမေ" လို့ပြောပြီးကားသော့ယူကာအပြင်ထွက်သွားတဲ့တူတော်မောင်ကိုကြည့်ပြီးသူဇာတစ်ယောက်သက်ပြင်းချမိလိုက်တယ်။အခုသားငယ်သွားတာသူချစ်နေတဲ့လူဆီကိုလေ။ထိုလူကsky ဆေးရုံကနှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်။သူ့ထက်လည်းအသက်အများကြီးတယ်။ဒါ့အပြင်ယောကျာ်းလေးလဲဖစ်နေတယ်လေ။တစ်နေ့သားငယ်လေးကသူချစ်နေတဲ့သူရှိနေပါပြီလို့လာပြောတယ်။ပြီးတော့သူချစ်တဲ့သူကမိန်းကလေးမဟုတ်ဘူးဆိုတော့ကိုယ့်မှာအိပ်ယာထဲမှာတစ်ပတ်လောက်လဲသွားတယ်။အိပ်ယာထဲလဲနေတဲ့အချိန်မှာသေချာစဉ်းစားကြည့်တော့ကိုယ့်တူကယောကျာ်းလေးတစ်ယောက်ကိုကြိုက်လည်းဘာဖြစ်လဲ။ကိုယ်ကသူ့ကြီးမေဆိုတော့သူဖက်ကရှိနေပေးရမှာပေါ့။ကိုယ့်တူကိုသူများတွေပြောဆိုကျရင်ကိုယ်ကဘေးနားမှာရှိပေးရမှာပေါ့လို့တွေးပြီးစိတ်ကိုလျှော့လိုက်ရတော့တယ်။

သားငယ်လေးကအမြဲတမ်းအဲ့ကောင်လေးအကြောင်းကိုပြောရင်ပြုံးနေတတ်တယ်။သူအရမ်းချစ်တာ။ဟိုကောင်လေးရောသားကိုချစ်လားလို့မေးတိုင်းရီပြီးခေါင်းခါကာသားကိုချစ်လာဖို့သားကြိုးစားနေတယ်တဲ့။

ဉီး(complete )Where stories live. Discover now