1: ဂန်မိသားစု
⋆┈┈。゚❃ུ۪ ❁ུ۪ ❃ུ۪ ゚。┈┈⋆နံနက်ခင်း၏ ဖျော့တော့သောနေရောင်က မထွင်းဖောက်နိုင်သည့် မြူငွေ့လွှမ်းသော ဆိုးလ်မြို့ကြီးထဲက အိမ်နေတိုက်တာတစ်မျှော်တစ်ခေါ်ကို အစက်အပြောက်များအဖြစ် မိမိအိမ်လေးရဲ့ခေါင်မိုးထပ်ကနေ စီးမိုးလျက် ငေးမောကြည့်ရှုရသည့်အရသာ...
ဆောင်းလေပြည်အေးက မျက်နှာတစ်ဝိုက် ညင်သာစွာရိုက်ခတ်လာသည်ကို ခံစားရင်း၊ အရည်တစ်ဝက်ပျော်နေသောမာကောလီ၏ အအေးဓာတ်ကိုဆုပ်ကိုင်ရင်း၊ ချိုမြမြရေခဲစများကိုမြုံ့ဝါးရင်း ရရှိသောစည်းစိမ်သည်ကား ဤ ဒုံဂျာ့ခရိုင်ရှိအရွယ်ရောက်ပြီးသူတိုင်း၏ လူနေမှုဘဝ ချမ်းသာသုခတစ်ဖုံဟု ဆိုရပေမည်။
ကုန်းမို့မို့များပေါ် ဆောက်ထားသော နှစ်ထပ်လုံးချင်းအိမ်များ၊ တိုက်ခန်းကျဥ်းများ၊ လမ်းဘေးဆိုင်တန်းလျားများနှင့် သာမန်မျှသာထင်ရသော ဒုံဂျာ့(၁)ရပ်ကွက်သည် မချမ်းသာသော်လည်းမဆင်းရဲသော လူလတ်တန်းစားတို့အဖို့တော့ ကျေနပ်တင်းတိမ်စေနိုင်သည်။
သာမန်ဆန်သော ဤရပ်ကွက်၏ ဝိသေသတစ်ခုခု ရှိလေမလားဟု မေးလာခဲ့သော်... ဝဲဘက်တွင် ဆိုးလ်ရှိ အစည်ကားဆုံးရပ်ကွက်များဖြစ်သည့် ဂန်းနမ်းနှင့် ဆောချိုတို့က ဝန်းရံထားပြီး၊ ဟန်မြစ်၏တစ်ဖက်ကမ်းက သူဌေးရပ်ကွက်ယုံးဆန်းနှင့် 'ဒုံဂျာ့တံတား'သာ ခြားသော်လည်း ကားသံယာဉ်သံ ဆူဆူညံညံမကြားရဘဲ နားအေးပါးအေးနေနိုင်ခြင်းဟူသော အဖြေကား ရှိလေသည်။
ထိုသို့သောနေရာမျိုးတွင် အခြေချနေထိုင်သော နှစ်ထပ်လုံးချင်းအိမ်ပိုင်ရှင် ဂန်ယောဆန်းတွင်လည်း ခေါင်မိုးထပ်နှင့်၊ ဆန်အရက်နှင့်။ သို့သော် ဆိုခဲ့ပြီးသော သာယာမှုကို ဘဝတွင် အေးအေးလူလူခံစားဖူးခဲ့သည့်အခါကို သူမှတ်ပင်မမှတ်မိနိုင်တော့... လွန်ခဲ့သောဆယ်စုနှစ်ကျော်က ဖြစ်ကောင်းဖြစ်လိမ့်မည်။
နှစ်ဆယ့်အစိတ်ဝန်းကျင်သည် ပုံမှန်အားဖြင့် မိမိလုပ်ချင်သည့်အရာများကို မည်သည်ကိုမျှ မှုရန်မလိုဘဲ အပြည့်အဝ ခံစားပျော်ပါးပစ်သင့်သော အရွယ်ကောင်းဖြစ်သော်လည်း ယောဆန်းဆီသို့မူ ဒုတိယအရွယ်၏ဒုက္ခတို့က စောစီးစွာ ဆိုက်ရောက်ခဲ့၏။
DU LIEST GERADE
H.O.M.E. || a taegyu & jongsang ff
Romantikပထမဆုံး English fanfic (ongoing) ဖြစ်သော 'Zero by One: Take Me Home' ကို ကိုယ်တိုင် ဘာသာပြန်ဆိုသည်။ ⋆┈┈。゚❃ུ۪ ❁ུ۪ ❃ུ۪ ゚。┈┈⋆ ""အတိတ်ရဲ့ အရိပ်မည်းထဲမှ ရုန်းမထွက်နိုင်သေးသရွေ့... အလင်းရောင်ကို ဖမ်းဆုပ်လို့မရနိုင်သေးသရွေ့... မုန်တိုင်းထန်တဲ့ညတွေဟာ အကြ...