စတင်ခြင်း-၂

7 3 5
                                    

3: 'ကနဦး'နှင့် ညို့ငင်မှု
⋆┈┈。゚❃ུ۪ ❁ུ۪ ❃ུ۪ ゚。┈┈⋆

"နောက်ကျတယ်နော် ကောင်လေး"

အဲ့မှာ သွားတာပဲ

ဆိုင်နောက်ဖေးပေါက်ကနေ အလုပ်သမားနားနေခန်းထဲ အသာလေး ဝင်ဝင်ချင်း ပက်ပင်းတိုးလေသည့် ဆိုင်မန်နေဂျာတစ်ဖြစ်လဲအလုပ်ရှင်ဆီသို့ ယောဆန်းတစ်ယောက် နိဝါတပြည့်နှက်သောအပြုံးမျိုး ပြုံးပြလိုက်သည်။ ဆိုင်ရှင်ကား အလုပ်သမားထံမှလာမည့် ဆင်ခြေများအတွက် ကြိုတင်ပြင်ဆင်ပြီးသည့်အလား ခါးကိုထောက်လျက်၊ နဂိုက အရေးအကြောင်းမရှိ အရွယ်တင်သော အသက်၃၀မျက်နှာမှာ တင်းမာလျက်။

"ဆောရီးပါ သူဌေး၊ ကျွန်တော် ဆိုင်မှာလုပ်ရင်းကိုင်ရင်း အချိန်ကိုမကြည့်မိလိုက်လို့ပါ။ ၁၁ခွဲတာနဲ့ ကလေးကိုကြည့်ဖို့ သူငယ်ချင်းဆီအပ်၊ အဝတ်လဲပြီး ချက်ချင်းပြေးလာတာဆိုပေမဲ့-"

ဟက်ဟက်ပက်ပက် ရယ်မောသံနှင့်အတူ သူ့လက်မောင်းပေါ် ညင်သာသောလက်သီးတစ်ချက်အရောက်တွင် ကယောင်ကယင်စကားများ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။ အလုပ်ရှင်ကိုကြည့်မိသော် သူမ၏မျက်နှာထက် တင်းမာမှုနေရာတွင် ရွှင်မြူးမှုတို့က တစ်မုဟုတ်ချင်း အစားထိုးသွားသည်။

"ဖြည်းဖြည်းပြောပါ၊ မင်းကို ဖြုတ်ပစ်မလို့မဟုတ်ပါဘူး၊ ဒီအတိုင်း သက်သက် နောက်တာပါ"

"အာ?"

"တီးဝိုင်းအဖွဲ့သားတွေတောင် မင်း မဝင်လာခင်လေးတင် ရောက်လာတာ။ မင်းတို့ မစခင် သီချင်းရွေးဖို့တောင် အချိန်ရသေးတယ်... အဟဲ၊ အဲဒီလောက်လန့်သွားစေဖို့ မရည်ရွယ်ပါဘူး"

ထိုသို့ သူဌေးက ရယ်ရွှန်းဖတ်ရွှန်းနှင့်ပြောသော် ယောဆန်းတစ်ယောက် သူ့ရင်ဘတ်သူဖိရင်း ဆိုသည်။

"ဒီတစ်ခါ အကယ်ဖြုတ်ပြီထင်တာ အစ်မဒါဟီရယ်၊ လန့်သွားတာပဲ"

ဒါဟီအမည်ရှိ မန်နေဂျာအမျိုးသမီးက အောင်နိုင်သူအပြုံးနှင့် လိပ်ကောက်နေသော သူမဆံခွေများကို အနောက်သို့ပို့လိုက်သည်။

"ဒါနဲ့ ခါတိုင်းထက်စာရင် အပြင်အဆင်က နည်းနည်း ရိုးတယ်နော့် ကောင်လေး"

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Jun 14, 2024 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

H.O.M.E. || a taegyu & jongsang ffOpowieści tętniące życiem. Odkryj je teraz