Zawgi;
Jin-ငယ်..ဒီမှာ လာကြည့်ပါဦး...ကုတင်ပေါ်မှာ ထိုင်နေရင်း ဖုန်းကို လက်ညိုးထိုးပီး တစ်ခုခုကို ပြလိုဟန်ဖြင့် စားပွဲခုံတွင် Computer တစ်လုံးနှင့် အလုပ်ရူပ်နေသော Jungkook ကို မတိုးမကျယ် အသံအနေအထားဖြင့် လှမ်းခေါ်နေသည်...
Jungkook-ဘာဖြစ်လို့လဲ Hyung ရဲ့...ကျွန်တော် ဒီမှာ အလုပ်တွေရူပ်နေတယ်...မနက်ဖြန် တရားရုံးချိန်းအမှီ သက်သေတွေကို စုစည်းနေလို့ မအားသေးဘူး...
သူ့ကို မကြည့်ဘဲ Computer ကိုသာ မျက်လုံးကျွတ်မတတ်ကြည့်ပီး လက်ချောင်းများက Keyboard အပေါ် အပြေးအလွှားလှုပ်ရှားနေရင်း ပြန်ပြောတော့ သူ စိတ်နဲနဲကောက်ချင်လာပါပီ...
Jin-ငါနဲ့ အဲ့ဟာတွေနဲ့ ဘယ်ဟာ အရေးပိုကြီးလဲ...နောက်တစ်ခါ ငါ့အိမ် မလာနဲ့...
သူ နှုတ်ခမ်းထော်ထော်နဲ့ ဆူပုတ်ပုတ်ပြောလိုက်မှ Jungkook ရဲ့လှုပ်ရှားနေတဲ့လက်ချောင်းလေးများက ရပ်တန့်သွားပီး Computer Screen မှတစ်ဆင့် သူ့ဆီ အကြည့်ပို့လိုက်သည်....
Jungkook-Aww Hyung ပဲ ကျွန်တော့်ကို အိမ်လာခဲ့ဖို့ခေါ်တာမလား...
Jin-ငါ ပျင်းလို့ မင်းကိုခေါ်တာလေ...မင်းက အလုပ်ကြီးပဲလုပ်နေတယ်...
Jungkook-ကျွန်တော် Hyung ကို ပြောပီးသားပဲ...ကျွန်တော် အလုပ်ရူပ်နေလို့ မလာတော့ဘူးလို့...ဒါပေမဲ့ Hyung က ရတယ် Hyung အိမ်မှာ လာလုပ်လို့ပြောလို့ ကျွန်တော်လာခဲ့တာနော်...
Jin-အေပေါ့လေ ငါက မင်းရဲ့အလုပ်ထက် အရေးမှမကြီးဘူး အရေးလဲမပါဘူးမလား...အီးဟီး~~ဟီး...ငယ်က Hyung ကို မချစ်ဘူး ဟီး~~
မျက်ရည်လဲ မထွက်ဘဲ ငိုချင်ယောင်ဆောင်နေတဲ့ ဒီကလေးဆိုးကြီးကို ဘယ်လိုလုပ်ရမလဲ...သူ studio မသွားရတဲ့နေ့တွေဆို လူကို ဂျီကျနေကျ..ဒါဟာ သူ့အကျင့်လို့တောင် ပြောလို့ရသွားပီ..တစ်ခါတစ်လေ သူက အငယ်လား ကိုယ်က အငယ်လားဆိုတာ မဝေခွဲတတ်တော့ဘူး...
သူ ကျွန်တော့်ကို ခေါ်တဲ့ နာမ်စားလေးက "ငယ်" တဲ့~~~
ကျွန်တော့်အိမ်နဲ့ Hyung အိမ်နဲ့က မျက်နှာချင်းဆိုင်...တစ်ခါတစ်လေ ပြောစရာရှိရင် ဟိုဖက်ခြံ ဒီဖက်ခြံ အော်ပြောနေကျ...ငယ်ငယ်လေးကတည်းက ရင်းနှီးလာခဲ့တယ်ဆိုတော့ သံယောဇဉ်ကြိုးကတော့ တော်တော်လေးကိုငြိတွယ်နေပီလို့တောင် ပြောလို့ရတယ်...သူ့ဘက်ကတော့ အဖြူရောင်သံယောဇဉ်ဆိုပေမဲ့ ကျွန်တော့်ဘက်ကတော့ အရောင်တွေဆိုးချင်နေပီ...