အပိုင်း ၁~ငါဘယ်ရောက်နေတာလဲ?

1.4K 117 23
                                    

Unicode

Dance practice room တစ်ခုမှာ
ညမိုးချုပ်နေသော်ငြား မရပ်မနားကြိုးစားနေတဲ့သူတွေ
ရှိနေကြလေသည်။

"1 2 3 4 .. 1 2 3 4 ...အိုကေ အဆင်ပြေနေပြီ
မနက်ဖြန်ကျရင် အကုန်လုံးအဆင်ပြေပြေနဲ့
အောင်မြင်နိုင် လိမ့်မယ်လို့ အစ်ကိုမျှော်လင့်တယ်နော် "

"ကျေးဇူးပါ "

တစ်ညီထဲထွက်လာတဲ့အသံ အဆုံး
ကြမ်းခင်းပေါ်ကို အရုပ်ကြိုးပျက်ထိုင်ချပြီး နားနေမိသည်။
အရမ်းပင်ပန်းနေပြီ။ ဒါပေမယ့် ရင်ထဲက အလုံးကြီးက
ပျောက်မသွားသေးဘူး.....

"အရမ်းမောနေပြီလား "

ရေအေးအေးလေးတစ်ဘူးနဲ့အတူ မေးလာတဲ့အကဆရာကြောင့် ခပ်ပြုံးပြုံးသာဖြေမိသည်။

"အဆင်ပြေပါတယ် ဆရာ ဒါပေမယ့် မနက်ဖြန်အတွက်
အရမ်းစိုးရိမ်နေတယ် "

"ဟ အဆင်ပြေမှာပါ Hope ရာ အမှန်တိုင်းပြောရရင်
ဒီအဖွဲ့ထဲမှာ မင်းအတော်ဆုံးပဲဟာ ဒီ audition လောက်ကတော့ မင်းကအသာလေး အောင်ပြီးသား "

ဆရာ့ရဲ့ အားပေးစကားကြောင့် နဲနဲသက်သာသွားသလိုပဲ။
သက်ပြင်းကိုအသာချရင်း နှုတ်ဆက်ကာ အိမ်ပဲပြန်ခဲ့တော့သည်။ ညဉ့်အတော်နက်နေပြီလေ...
မနက်အတွက် အားပြည့်နေအောင် အိပ်စက်ရအုံးမယ်။

ပင်ပန်းလွန်း၍ တစ်လှုပ်လှုပ်နဲ့ ပြန်လာသောကျွန်တော်သည်
နောက်ကခြေသံတွေကြောင့် ခေါင်းမွှေးတွေပါ
ထောင်သွားသလို သရဲလား?

မသိချင်ယောင်ဆောင်ပြီး ဆက်သွားတော့ နောက်ကဆက်တိုက်လိုက်လာနေသည်။
လူလား ဘာလဲ ပိုက်ဆံလုမလို့လား မဖြစ်ဘူး ။

ကိုယ့်အားကိုယ်ကိုးကာ မြို့တက်ပြီး ၀ါသနာပါရာလုပ်နေရတဲ့သူ့အတွက် ဒီအချိန်ပိုင်း
အလုပ်ကလစာလေးတွေနဲ့ အသက်ဆက်နေရတာ...
ဒါတွေပါသွားရင် ငါခွေးဖြစ်ပြီ။

ကိုယ့်ဟာကိုယ် အဆုံးစွန်ထိတွေးပြီး နောက်ကခြေသံကို
လှမ်းအကဲခတ်တော့ဆက်လိုက်နေတာပဲ။
သေချာပြီ .....

လွယ်အိတ်ကို ကျစ်နေအောင် ပိုက်ကာ လှစ်နေအောင်
ပြေးတော့ နောက်ကခြေသံတွေကပါ မြန်ပြီး
လိုက်လာခဲ့သည်။

༺𝔻𝕖𝕒𝕣 𝕄𝕪 𝕎𝕙𝕚𝕥𝕖  ℂ𝕙𝕖𝕣𝕣𝕪  𝔹𝕝𝕠𝕤𝕤𝕠𝕞༻Where stories live. Discover now