အပိုင်း ၈~ Kim Tae Seok ​လေးပြန်​ပေးဆွဲခံရတာလား?

676 88 23
                                    

Unicode

"ဘယ်နားကနေ ဘယ်လိုပျောက်သွားတာလဲ
အဲ့နေရာကစပြီး တစ်မြို့လုံးကိုရှာ ကလေးဆိုတော့
ဝေးဝေးမရောက်နိုင်ပါဘူး...မြန်မြန်ပြန်ရှာလာခဲ့.."

"အဲ့ကလေးတစ်ယောက်ထဲဆို ဒီလိုပျောက်သွားစရာ
အကြောင်းမှမရှိတာ Kim "

စိတ်ပူလွန်းလို့လား ဘာလို့လားမသိ...
တစ်ချက်မငိုပဲ ရုပ်တည်ကြီးနဲ့ငိုင်နေတဲ့ ဆွန်းဟန်လေးကြောင့် တကယ်ကို ရင်ပူနေမိပြီ။
သူစိတ်မပူစေဖို့ ကိုယ့်ဟာကိုယ် တင်းထားနေရတာ
တကယ်တမ်းသာဆို ငိုပြစ်လိုက်ချင်တယ်...
ဘယ်ကိုရောက်သွားတာလဲ ခမည်းတော်ရဲ့သားငယ်လေးရယ်...

"ဆွန်းဟန် ကိုယ့်အချစ်လေး မပူပါနဲ့ကွယ်..
ကိုယ်တော်ရအောင်ရှာပေးမယ် သားငယ်လေးလဲ
အန္တရာယ်ကင်းမှာပါ...အချစ်ရဲ့ "

အရုပ်ကြိုးပျက်ထိုင်နေတဲ့သူ့ကို ရင်ခွင်ထဲဆွဲထည့်ကာ နှစ်သိမ့်ပေးမိတော့ တစ်ရှုံ့ရှုံ့နဲ့ ငိုတော့သည်။

"ဟင့် ဘယ်လိုလုပ်မလဲ တစ်ခုခုဖြစ်သွားရင်
ဘယ်လိုလုပ်မလဲ ကျွန်တော့်သားက ငယ်ငယ်လေးရယ် ... ခွင့်မလွှတ်ဘူး ငါ့သားကိုတစ်ခုခုလုပ်လို့ကတော့ အဲ့လူကို သေသည်ထိ ခွင့်မလွှတ်ဘူး"

ငိုနေတဲ့သူက ရုတ်တရက်ဆိုသလို မကျေမချမ်း
စကားတွေဆိုလာကာ သူကိုင်ထားတဲ့ ကိုယ့်လက်မောင်းသားတွေကလဲ ဆစ်ခနဲ နာလာတာမလို့
ကြည့်လိုက်တော့...လက်မောင်းထဲ ထိုးဖောက်၀င်
နေတဲ့ လက်သည်းရှည်ရှည်တွေ....

ဒါဟာ ဒီကောင်လေး ဒေါသကြီးစွာဖြစ်နေခြင်း။
အချိန်မရွေးပေါက်ကွဲထွက်နိုင်တဲ့ ဗုံးတစ်လုံးလို
သိပ်ကိုလဲ အန္တရာယ်များလှလေသည်။
ကျောပြင်လေးကို အသာပွတ်သတ်ပေးနေသော်လဲ
ဖြစ်ညစ်ထားတဲ့လက်တွေက လျော့မသွား...
ခက်ရပါချည်ရဲ့ကွာ....

"ဆွန်းဟန် စိတ်ကိုလျော့ပါအုံး မဟုတ်ရင် မင်းကိုမင်းပါထိခိုက်မိတော့မယ် ကိုယ့်ကိုစိတ်ပူအောင် မလုပ်ပါနဲ့ကွာ...."

ထိုအခါမှ အနည်းငယ်ပြေလျော့သွားတဲ့ လက်ကအင်အားများ...

"Kim...ဘယ်လိုလုပ်မလဲ ကျွန်​တော်​တော့စိတ်ပူလို့
​သေ​တော့မှာပဲ..."

༺𝔻𝕖𝕒𝕣 𝕄𝕪 𝕎𝕙𝕚𝕥𝕖  ℂ𝕙𝕖𝕣𝕣𝕪  𝔹𝕝𝕠𝕤𝕤𝕠𝕞༻حيث تعيش القصص. اكتشف الآن