<Unicode>
ဇန်နဝါရီလ (၆)ရက်နေ့ ည (၇)နာရီအချိန်။
စင်္ကာပူ မှ ပေကျင်း သို့ ပျံသန်းလာတဲ့ Air China ရဲ့လေယာဉ်ပေါ်မှာ ရိပေါ်နဲ့ သူ့မာမားတို့ လိုက်ပါစီးနင်းလာကြတယ်။ ရိပေါ်တို့ သားအမိက စင်္ကာပူမှာရှိတဲ့ အဒေါ်ဆီကို အလည်အပတ်သွားပြီး ပြန်လာကြတာဖြစ်တယ်။ ဝမ်မာမားက စာအုပ်တစ်အုပ်ကို ဖတ်နေပြီး ရိပေါ်ကတော့ နားနှစ်ဖက်မှာ AirPods ကိုတပ်ကာ သီချင်းနားထောင်နေတယ်။ လေယာဉ်ပျံသန်းချိန်က (၆)နာရီလောက်ကြာမှာဖြစ်လို့ သီချင်းနားထောင်ရင်း အိပ်ပျော်သွားဖို့က သူ့ရည်ရွယ်ချက် ဖြစ်တယ်။အိပ်မယ်လုပ်ရင်း မျက်လုံးမှိတ်လိုက်ချိန်မှာ ရှောင်းကျန့်ကို သတိရလိုက်မိတယ်။ ရှောင်းကျန့်ဆိုတာကတော့ ရိပေါ်ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ဖြစ်လဲ ချစ်သူဖြစ်တယ်။
ရှောင်းကျန့်ကို ရိပေါ် ဒီနေ့ ပြန်လာမယ်ဆိုတဲ့အကြောင်းကို မပြောဘဲ တမင်လျှို့ဝှက်ထားခဲ့တာ။ မနက်က ဖုန်းဆက်ဖြစ်တော့ ရှောင်းကျန့်က နေ့လည်ကျရင် အခြား သူငယ်ချင်းတွေနဲ့ Boat Trip သွားမယ်ဆိုလို့ သူစိတ်အေးလက်အေးသွားနိုင်အောင်လို့ ဒီနေ့ ပြန်လာဖြစ်ကြောင်းကို မပြောဖြစ်ခဲ့။ ရိပေါ်ပြန်လာမယ်ဆိုတာ သိရင် အရင်ရက်တွေကတည်းက 'လွမ်းလှပါပြီ' လို့ တဖွဖွပြောနေတတ်တဲ့ ရှောင်းကျန့်က မနေနိုင်မထိုင်နိုင်လောက်အောင်ကို အူမြူးနေမှာ။ ဒါနဲ့ပဲ ဘယ်သူနဲ့မှ ဘယ်မှသွားဖြစ်တော့မှာမဟုတ်ဘဲ ညဘက်ကျ ရိပေါ်ကို ကြိုဖို့အတွက်ကို တနေကုန်လုံး စိုင်းပြင်းနေမှာမို့လို့ မပြောရတာလည်းဖြစ်တယ်။ အဲ့လောက်တောင်ပဲလားလို့ မပြောနဲ့ဦး။ ရှောင်းကျန့်က အဲ့လိုလူမျိုး။ ရိပေါ်ကိုဆို တုန်နေအောင်ချစ်တဲ့သူပင်။ ရှောင်းကျန့်က အဲ့လိုမျိုးအရမ်းချစ်ပေးနေခဲ့တော့ ရိပေါ်ကတော့ အချစ်ခံလေး အဖြစ်နဲ့သာ နေလာခဲ့တာ။ ရှောင်းကျန့်ကို ချစ်ပေမဲ့ ရိပေါ်ဘက်က ချစ်ကြောင်းတွေကို ထုတ်ပြပြီး ချစ်ပေးတာမျိုးတော့ သိပ်မလုပ်ဖြစ်ခဲ့။ မချစ်လို့တော့မဟုတ် ရိပေါ် အရမ်းပြန်ချစ်မပြလည်း ရှောင်းကျန့်ကတော့ ချစ်နေမှာပဲဆိုတာကို ယုံကြည်နေခဲ့လို့ဖြစ်တယ်။ ရှောင်းကျန့်ရဲ့ အချစ်ခံလေး ရိပေါ်အဖြစ်နဲ့သာ မွေ့လျော်နေခဲ့တာ။ ရှောင်းကျန့်အကြောင်းစဉ်းစားမိတော့ နှုတ်ခမ်းအစုံက အလိုလိုပြုံးမိသွားတယ်။ 'စဉ်းစားရင်းနဲ့ လွမ်းတောင်လာပြီ။ ရှောင်းကျန့်ဆီ စာပို့ဦးမှပဲ။'
YOU ARE READING
The Last Wish
Fanfictionကိုယ့်အနားမှာ အမြဲရှိခဲ့တဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကို ထာဝရခွဲခွာသွားတော့မယ်ဆိုရင် သူနဲ့ပတ်သက်ပြီး ခင်ဗျားတို့ဖြစ်ချင်တဲ့ နောက်ဆုံးဆန္ဒက ဘာဖြစ်မလဲ.. ကျွန်တော့်ရဲ့ နောက်ဆုံး ဆန္ဒကတော့ ဒီလိုဖြစ်တယ်.. ကိုယ့္အနားမွာ အၿမဲရွိခဲ့တဲ့ တစ္စုံတစ္ေယာက္က ကိုယ့္က...