"ဖိုးဖိုးရေ ကောင်းကင်ကြီးကို လာကြည့်ပါဦး"
မြေးဖြစ်သူခေါ်တာကြောင့် ဝရန်တာဘက်ကို ထွက်ကာ သူမော့ကြည့်လိုက်မိသည်။
"မိုးရွာနေပေမယ့် ကောင်းကင်မှာ ကြယ်တွေ အများကြီးပဲနော် ဖိုးဖိုး"
ဟုတ်ပါရဲ့ ကောင်းကင်မှာ ကြယ်တွေစုံလို့။
အခုချိန်ဆို သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်း
သူ့ရဲ့ ချစ်ရသူနဲ့ ကောင်းကင်ပေါ်မှာ ပျော်နေရောပေါ့။အဲ့ဒီ့အချိန်ကလည်း မိုးရွာနေတဲ့ညပေမယ့်
ကောင်းကင်မှာ ကြယ်တွေစုံနေခဲ့သည်ပဲလေ။တွေးမိပြန်တော့ မျက်ရည်တွေဝဲလာမိပြန်ရော။
"ဖိုးဖိုးငိုနေတာလား"
ဆိုသည့် မြေးလေးရဲ့ စကားသံကြားမှ သူသတိပြန်ဝင်လာသည်။"ဘာမှမဖြစ်ပါဘူး မြေး အေးတယ် ဖျားလိမ့်မယ်အထဲဝင်ကြရအောင်"
"ဟုတ်ကဲ့ ဖိုးဖိုး"
ဝရန်တာကနေ သူ့အခန်းထဲကို ပြန်ဝင်လာပြီး သူ့အခန်းရဲ့ စာအုပ်စင်အပေါ်ထပ်တွင်ရှိသည့် ဟောင်းနွမ်းနေပြီဖြစ်သော ဒိုင်ယာရီစာအုပ်လေးကို သူယူပြီး လွန်ခဲ့သော နှစ်၃၀ဆီသို့ သူ့အတွေးတွေ ပျံ့လွင့်လိုက်မိသည်။
~~
သူ့နာမည်က ကင်မ်ထယ်ယောင်း
သူသည် ပတ်ဂျီမင်၏ အချစ်ဆုံးသူငယ်ချင်း
ဂျီမင့်အပေါ်တွင် သူသည် သူငယ်ချင်းအဆင့်ထက် ပိုချင်သော်လည်း ပြောလိုက်မှ သူငယ်ချင်းသံယောဇဉ်ပါ ပြတ်မည်စိုး၍ သူသည် တိုးတိတ်စွာ ချစ်နေမိခြင်း....။"အန်တီရေ"
"အော် သားထယ်ယောင်းတောင် ရောက်လာပြီပဲ"
"ဟုတ်ကဲ့ အန်တီ ဂျီမင်ရော နိုးပြီလား"
"သိတဲ့အတိုင်းပဲ သားရေ သူက သားလာနှိုးမှ ထတာလေ ပြီးမှ ဝုန်းဒိုင်းကြဲပြင်ဆင်ဦးမယ်"
"အဲ့တာဆို သား သူ့ကို သွားနှိုးလိုက်ဦးမယ်နော် အန်တီ"
"အေးအေး သားရေ"
ကျွန်တော်လည်း အပေါ်ထပ်တက်ပြီး သူ့အခန်းထဲဝင်လာလိုက်တယ်။
YOU ARE READING
𝑇𝑖𝑙𝑙 𝑇ℎ𝑒 𝐿𝑎𝑠𝑡 𝐵𝑟𝑒𝑎𝑡ℎ❣️(Eden Contest)
Fanfictionမိုးရွာသည့်နေ့တွင် စတွေ့ခဲ့ရသည်။ မိုးသည်းသည့်နေ့တွင် ချစ်သူဖြစ်ခဲ့ကြသည်။ မိုးထန်သည့်နေ့တွင် ရန်အတူဖြစ်ခဲ့ကြဖူးသည်။ မိုးရွာတဲ့နေ့မှာပင် လမ်းခွဲခဲ့ကြရပြန်သည်။ မိုးရာသီကို အခုကစ၍ ကျွန်တော်မုန်းသည်။