Unicode

1.3K 286 27
                                    

အချိန်က ည ၁၀နာရီခွဲလောက်တော့ ရှိနေခဲ့ပြီ။


သူ စီးနင်းလိုက်ပါလာတဲ့ ဘက်စ်ကားထဲမှာ သူအပါအဝင် လူ, သုံးလေးယောက်လောက်ပဲ ကျန်တော့တယ်။

ကားနောက်ဆုံးခုံတန်းလေးရဲ့ ထောင့်ဆုံးနေရာမှာ တစ်ယောက်တည်း ခပ်လျှောလျှော မှီထိုင်ရင်း လမ်းတစ်လျှောက်လုံး ကားမှန်အပြင်ကိုသာ သူ ငေးကြည့်လာခဲ့တယ်။ အပြင်မှာတော့ မိုးဖွဲဖွဲကျနေဟန်ရှိပြီး မိုးစက်တချို့ဟာ ကားမှန်ပြတင်းပေါ်မှာ တွယ်ရစ်ကျန်နေခဲ့တယ်။

မိုးရာသီကို နှစ်သက်လွန်းတဲ့ သူက အပြင်ထွက်ရင် အမြဲတမ်းထီးကို ယူမသွားတတ်။ ဒါကြောင့်မို့ သူ့ အိတ်လေးထဲမှာ ထီးတစ်ချောင်းအစား အဝတ်အစား အပိုတစ်စုံသာရှိနေတတ်တယ်။

ကော်ဖီတစ်ခွက်သောက်စာလောက် အချိန်ကြာပြီးတဲ့နောက်မှာ ဘက်စ်ကားဟာ သူ ဆင်းရမဲ့ မှတ်တိုင်ကိုရောက်လာတော့တယ်။

ကားထဲက ဆင်းပြီးပြီးချင်းမှာပဲ သူ မျက်နှာကို လေပူတစ်ချို့ ရုတ်တရက် ရိုက်ခတ်လာတာကို ခံစားမိလိုက်တယ်။ မိုးရွာနေတာတောင်မှလေ ။

မိုးရေနဲ့ ထိတွေ့ပြီး ကတ္တရာလမ်းက ပြန်ကန်ထွက်လာတဲ့ အပူငွေ့ဟာ အတော့်ကို မနှစ်မြို့စရာ။ ဒီတစ်ချက်ကိုတော့ သူ သိပ်မုန်းတာပဲ။

တစ်ကိုယ်လုံးကို ရွှဲစိုသွားစေတဲ့အထိ ရွာနေတာမျိုး မဟုတ်ဘဲ ခပ်ဖွဲဖွဲသာကျနေသော မိုးစက်မိုးဖွားတွေမို့ သူ အိမ်သို့ ပုံမှန်အတိုင်းသာ လမ်းလျှောက်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်ဆက်ထဲမှာပဲ မိုးညတွေဖြစ်စေ၊ ရာသီဥတု အဆင်ပြေသည်ဖြစ်စေ သူ ဂျူတီနောက်ကျမှ ပြီးတိုင်း အမြဲ လာကြိုနေကျ ဘေးအခန်းက​ ကောင်လေးကို သတိရသွားမိတော့တယ်။

သူ့ နာမည်က ဂျောင်ဂု ။ ဂျွန်ဂျောင်ဂုတဲ့။
ပန်းချီမေဂျာတတ်နေတဲ့ တက္ကသိုလ် တတိယနှစ်ကျောင်းသားလေး။

ပြီးခဲ့တဲ့ အပတ်က တစ်ပတ်လုံး မုန်တိုင်းရှိတာမို့ သူ ဆေးရုံကနေ အပြန်နောက်ကျတဲ့ ညတွေတိုင်း ဂျောင်ဂုက ထီးလေးတစ်ချောင်းနဲ့ ကားမှတ်တိုင်မှာ လာစောင့်ပေးတယ်။
ပြီးတော့ အဲ့ဒီထီးကလေးကို နှစ်ယောက်အတူဆောင်းပြီး သူတို့အတူ အိမ်ပြန်ကြတယ်။

𝐚𝐧 𝐮𝐦𝐛𝐫𝐞𝐥𝐥𝐚 « 𝓀ℴℴ𝓀𝓂𝒾𝓃 »Where stories live. Discover now