Ch 1 Uni 💗

12.1K 453 27
                                    

yizhan short fic 🐯🐰💚💖

နိုင်ငံပေါင်း4000ကျော်တို့အနက် နယ်ချဲ့ကာနယ်မြေသိမ်းပြီးအာဏာစက်တို့ပြန့်ပွားအောင် နယ်ချဲ့နေသော အင်အားကြီးနယ်မြေများဖြစ်သည့်5နိုင်ငံတို့တွင် ထျန်းရှ တုံ့ပေလီ ရန်ဟန်ချင်း ဟော်မေ ယွီထျန်း ငါးနိုင်ငံသည်အင်အားအကြီးမားဆုံးဖြစ်ပြီး ကိုယ်စီအာဏာစက်ကျယ်ပြန့်သောနိုင်ငံများဖြစ်ကြသည်

ငါးနိုင်ငံအနက်နောက်ဆုံးနိုင်ငံဖြစ်သည့် ယွီထျန်းနိုင်ငံတွင် နှလုံးအေးပြီးကျက်သရေရှိလှသည့် ငြိမ်းချမ်းရေးကိုလက်ကိုင်ထားသည့် အဖက်ဖက်ကပြည့်စုံသော အိမ်ရှေ့စံမင်းသားလေး Xiao zhan ရှိသည် အိမ်ရှေ့စံရှောင်းလေးသည် သူ၏မျက်နှာသွင်ပြင်မှာပဂတိအတိုင်းလေးတည်ကြည်သည် အပြုံးလေးတို့သူ၏မျက်နှာထက်ဆင်မြန်းလျှင် ဆွဲမက်ဖွယ်ရာကျောက်စိမ်းရတနာတစ်ခုလိုအေးချမ်းလှသည် စစ်ရေးပညာ ဓားရေးပညာ နိုင်ငံရေးရာအပါအဝင် နိုင်ငံထဲရှိပျိုမဒီတို့အပြင်အရွယ်ရောက်ပြီးသားလူပျိုတို့၏စံပြထားရာမင်းသားတစ်ပါးလည်းဖြစ်သည် မင်းကြီးနှင့်မိဖုရားကြီးမှာလည်း သားတော်မောင်လေးကိုချစ်မြတ်နိုးလွန်းပြီး ငြိမ်းချမ်းစွာတိုင်းပြည်အားအုပ်ချုပ်သည် အိမ်ရှေ့စံလေး၏အသက်မှာ 21နှစ်သာရှိသေးသည်

အင်အားကြီးနိုင်ငံများသည်ကိုယ်စီကိုယ်ငှာ သီးသန့်နေကြပြီးတစ်နိုင်ငံနှင့်တစ်နိုင်ငံ မထိပါးကြသော်လည်း အင်အားနည်းသည့်နိုင်ငံများအားနယ်ချဲ့ကာသိမ်းပိုက်ကြသည်စစ်ပွဲများစွာသည်လည်း ပေါများလှသည်

ယွီထျန်းနိုင်ငံ၏ငြိမ်းချမ်းချိန်လေးမှာ ထျန်းရှပြည်၏ စစ်ပွဲရာဇသံအမိန့်လွှာကျရောက်လာထဲ ယိုယွင်းခဲ့ရသည် တိုင်းပြည်ထဲတွင်ထိုသတင်းအားပေါက်ကြားပြီး ပြည်သူများစိုးရိမ်သောကကျကာ များစွာပူပန်နေကြရသည် မင်းကြီးသည် ထိုအရေးကိစ္စကြောင့်များစွာအုန်းနှောက်ခြောက်နေရလေသည် စစ်ပွဲမိန့်အားလက်ခံရင် ရူံးမည်နိုင်မည်မှာ ရာခိုင်းနူန်းတစ်ဝက်တစ်ဝက်သာရှိသည် လက်မခံ၍အညံ့ခံလျှင် နန်းမျိုးရိုးပျက်သုန်းပြီး မထင်မှတ်လျှင်အသတ်ခံရနိုင်သည် ထိုကိစ္စကြီးအား တိုင်းပြည်၏အိမ်ရှေ့စံလေးရှောင်းစီတာဝန်ကျရောက်လာလေတော့သည် မိဘများအားအသက်ဝါကြီးရင့်၍စစ်မတိုက်စေလိုတော့သည့်အိမ်ရှေ့စံလေးသည် တစ်ဖက်နိုင်ငံနှင့် ဆွေးနွေးညှိနိူင်းနိုင်မည်မဟုတ်သည်ကိုလည်းသိရှိသူဖြစ်ရာ သူ၏တိုင်းသူပြည်သားများ၏အသက်အိုးအိမ်စည်းစိမ်များအပြင်နန်းတော်ရှိဆွေတော်မျိုးဆက်များနန်းတော်တစ်ခုလုံးအားလုံခြုံမှုရှိစေရန် သူသည်ထိုစစ်ပွဲအားတားလိုလျှင်ပေးဆပ်မှုအကြီးကြီးတစ်ခုနှင့်အလဲလှယ်လုပ်ခြင်းမှလွဲမရှိတော့သည်ကိုဝန်ခံကာ မိဘများအားနားချကာ သူ့အားစိတ်မပူစေရန် သူသည်မင်းကြီးနှင့်မိဘုရားကြီး၏သားတော်ဖြစ်သလိုနိုင်ငံ၏ အိမ်ရှေ့စံဖြစ်သည် သူ့တာဝန်များကိုသူ့အသက်နှင့်တကွထမ်းဆောင်ရမည်ဖြစ်သည်ကို အိမ်ရှေ့စံရှောင်းမှ နားလည်သူဖြစ်သည်

ချစ်ခြင်းတရားတို့ဖြင့်စီရင်သော [Completed] Where stories live. Discover now