Magical Rain(Unicode)

853 75 24
                                    

Part 1 - War of the wizards

မိုးခြိမ်းသံများဟာ အလွန်တစ်ရာ မှ ကြောက်မတ်ဖွယ်ကောင်းလှသည်...လျှပ်နွယ် လျှစ်စီး များ က တစ် ဖြတ် ဖြတ် လပ် ရင်း....
အမှောင်ထု အား တစ်ချက်ချက် လင်းစေပြန်သည်...

ထို လျှပ်စီး များထက် ပိုမို လင်းလတ် သော အလင်းရောင်များ သည် Wizard နှစ်ယောက် ၏ မှော်နှင်တံချင်း အားပြိုင် ရာမှ ထွက်လာ သည်​့အလင်းတန်းများပင်...

တောင်းတန်းတွေ ဝန်းရံထားသည့် မြေပြန့် မြက်ခင်းစိမ်း ပေါ်၌ Wizard စစ်သည်များ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ကြကုန်၏..

( ဂျိမ်းးးး)

မိုးခြိမ်းသံ နှင့် ထပ်တူ မှော်နှင်တံ တစ်ချောင်း သည် မြေပြင် ပေါ် သို့ ခစား သွားသည်...

'' Alex Titan.... ဟက်...ခင်ဗျား..ခုတော့ဘာတတ် နိုင်သေးလဲ ''

အစိမ်းရောင် ဝတ်ရုံ ခေါင်းမြီးခြုံ ထား သည့် သူ သည် မြေပြင်ပေါ် လဲ ကျ နေ သည့် Alex Titan အနား ကို တဖြည်း ဖြည်း လျှောက်လာကာ...ပြက်ရယ် စ ပြု သည်...

ရွှေအိုရောင် မျက်လုံး ၊ ဖြောင့်ဆင်းသော နှာတံ နှင့် ပြေ ပြစ်သည့် နှုတ်ခမ်း ပါး တို့ က အချိုးကျကျ ရှိလှသည်။
ဘယ်ဘက်လက်ခလယ် ၌ အစိမ်းရောင် Magic Ring အား ဝတ်ထား​ ပြီး သွယ်လျသော လက်ချောင်းတို့ဖြင့်မှော်နှင်တံအား ဝတ်ရုံအတွင်း ထည့်လိုက်၏။

ထိုသူသည် Villian နယ် မြေ့ အရှင်သခင် Joon Vesta
ယခု စစ်ပွဲ ၏ အောင်နိုင်သူ

'' Joon Vesta!... ပွဲ က မပြီး သေး ပါဘူး...ငါ မင်းဆီ တစ်နေ့ ပြန်လာခဲ့မယ်...အဲ့ အချိန် ကျ မှ မင်းပိုင်ဆိုင်တဲ့ အရာတွေ အားလုံး ငါ ဖျက်ဆီးပစ်မှာ....''

မြေပြင်ပေါ် ၌ မှောက်လျက် လဲ နေ သည့် Alex သည် Joon အား လွန်စွာမုန်းတီးသည့် မျက်လုံးများ ဖြင့် ကြည့်ရင်း ပြောလာသည်။

Joon Vesta သည် မညီညာ သော အပြုံး တစ်ခု အား ဖန်တီး ရင်း...

'' ဟက်...ကြည့်ကြသေးတာပေါ့...hahahaha...''

Joon Vesta ၏ ရယ်မောသံ များ က မိုးခြိမ်းသံ ကို ပင် ဖုံး လွှမ်း နိုင် ၏....

𝑴𝒂𝒈𝒊𝒄𝒂𝒍 𝑹𝒂𝒊𝒏 (𝐄𝐝𝐞𝐧 𝐂𝐨𝐧𝐭𝐞𝐬𝐭)||𝐍𝐚𝐦𝐣𝐢𝐧(One Short✅)Where stories live. Discover now