Episode-5

2.6K 271 15
                                    

THE STRANGER OF THE DREAM

Episode-5

Chanyeol တစ်ကိုယ်လုံး အေးစက်စွာနှင့် မလှုပ်မယှက် ရပ်နေသည်။
ထိုအရိပ် တဖြည်းဖြည်း ချင်း နီးကပ်လာသည်ကို မမှိတ်မသုန်ကြည့်နေမိသည်။
ထိုစဉ် အနောက်မှ ပြေးလာ‌သော ခြေသံနှင့်အတူ
" Park Chanyeol........'' ဟုလှမ်းခေါ်သံကို ကြားလိုက်ရသည် ။
Chanyeol အားတက်သွားပြီး လှည့်ကြည့်လိုက်ရာ Baekhyun တစ်ယောက် ထီးတစ်လက်နှင့် ပြေးလာသည်ကို မြင်လိုက်ရလေသည်..။

" Baekhyun............ မင်း ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ " ဟုမေးစဉ်
Baekhyun ရုတ်တရက် ထီးကိုပစ်ချကာ Chanyeol ၏ အင်္ကျီကို ဆောင့်ဆွဲပြီး အေးစက်သော လေသံဖြင့်
" မင်း ဒီလိုလုပ်ရုံနဲ့ ငါ့ပစ္စည်းကို အစားထိုးပေးနိုင်မယ်များ ထင်နေလား..? " ဟုမေးသည် ။

Chanyeol တစ်ယောက် ခေါင်းငိုက်စိုက်ချလျက်
" ငါ.. မင်းအတွက်လုပ်ပေးနိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ ..... ငါတောင်းပန်ပါတယ်... " ဟုပြောလိုက်သည် ။
Baekhyun အင်္ကျီကိုလွှတ်ပြီး
" ထားလိုက်ပါတော့.... ပျက်စီးသွားပြီပဲ..
အစားထိုးလဲ ဘာထူးမှာလဲ.. ငါ့အမေပေးခဲ့တဲ့ ဟာမှ မဟုတ်တော့တာ.." ဟု ပြောလိုက်ပြီး ငြိမ်သက်စွာ ရပ်နေသည်။

Chanyeol Baekhyun အား ကြည့်လိုက်ရာ ရေများတစ်ကိုယ်လုံး စိုရွှဲနေလေသည်။
" မင်းဘယ်လိုလုပ်ဒီကို ရောက်လာတာလဲ ........" ဟု တိုးတိတ်စွာ မေးလိုက်သည်။
" မင်း ဒီလို လိုက်ရှာ နေတယ်ဆိုတာ Tao ပြောပြလို့ သိရတာ.......ပြီးတော့ ရာသီ ဥတုကလည်း ဆိုးတော့......မင်းတစ်ခုခု ဖြစ်သွားရင် ငါ့တာဝန် မကင်းဘူးလေ...... "
" မိုးရွာကြီးထဲ.....မင်း ဘာနဲ့ လာတာလဲ..........."
" Bus ကားတစ်စီးတွေ့လို့ စီးလာတာ......မင်းကို ဒီမှတ်တိုင်မှာ မြင်လိုက်ပေမယ့် .....ကျော်သွားလို့ .....ရှေ့မှတ်တိုင်ရောက်မှ ဆင်းလာလိုက်တာ...." ဟု Chanyeol ကို မကြည့်ဘဲ ကားလမ်းမပေါ်သို့ မျှော်ကြည့်ရင်း ဖြေလေသည်။

Chanyeol က
" မင်း ရေတွေ ရွဲစိုနေတာပဲ......."
" မိုးရွာလို့ မိုးရေစိုတာ ဆန်းလို့လားကွာ...."
" မင်း အအေးမိလိမ့်မယ်........ရော့...." ဟု ဆိုကာ Chanyeol အပေါ်အင်္ကျီကို ချွတ်ပေးလိုက်သည်။

Baekhyun က တစ်ချက်မျှကြည့်ပြီး
" မင်း မစိုသေးဘူးလေ.....စိုနေတဲ့သူကို ပေးတော့......အင်္ကျီစိုသွားရုံပဲ ရှိမှာပေါ့ ....မင်းပဲ ဝတ် ....."
ဟု ဖြေကာ ကားလမ်းမ ဘက်သို့သာ အကြည့်ပြန်လွှဲသွားသည်။

The Stranger Of The DreamWhere stories live. Discover now