အူဝဲ...အူဝဲ...အူဝဲ...
'' သမီးရေ ကလေးက ဘာလို့ ဒီလောက်ထိ ငိုနေတာလဲ...''
'' မသိပါဘူး မေမေရယ် သမီးတောက်လျှောက်ချော့နေတာ အငိုကို မတိတ်ဘူး...''
'' သေချာ ချော့ပါအုံး...ကလေး နေမကောင်းများဖြစ်လို့လားမသိဘူး...''
'' ၆ နာရီတောင်ကျော်နေပြီ သားလေးကလည်း ဘာဖြစ်မှန်းမသိဘူး...အရေးထဲမှ ကို လည်း အလုပ်က ပြန်မလာသေးဘူး... ''
'' အော်...သမီးရယ် ပြန်လာမှာပေါ့ ၊ ဟော ကြည့် မြေးလေးတောင် အငိုတိတ်သွားပြီ... ''
'' အရင်တုန်းက ကို ဒီလောက်ထိ နောက်မကျဖူးဘူး... ကို အလုပ်ပြန်လာတဲ့ လမ်းတလျှောက်မှာ မြနန္ဒာ ဆိုတဲ့ စံအိမ်ကြီးရှိတယ်... အဲ့ စံအိမ်ကြီးက ကို အလုပ်လုပ်တဲ့နေရာ နဲ့ သိပ်မဝေးဘူး...''
'' အဲ့ စံအိမ်ကြီးက ဘာဖြစ်လို့လဲ သမီးရဲ့ ''
'' ဟားး မေမေ ရဲ့ ဒီ ပတ်ဝန်းကျင်မှာ အဲ့ဒီ့ စံအိမ် အကြောင်း မသိတဲ့သူ ဘယ်သူမှမရှိဘူး... နည်းနည်းလေးမှောင်ရိပ်သန်းလာပြီဆို
ရင် အဲ့ဒီ့ စံအိမ်နားက ဘယ်သူမှ မဖြတ်ရဲကြဘူး...ဒါကြောင့် ကို့ ရဲ့ အလုပ်ရှင်က အလုပ်လုပ်တဲ့သူတွေကို အမြဲတမ်း အလုပ်စောစောဆင်းပေးတယ်...ဒီနေ့မှ ဘာလို့ ဒီလောက်နောက်ကျနေမှန်းမသိပါဘူး... သမီး တကယ်စိတ်ပူနေပြီ...'' မိန်းမရေ...''
'' ဟာ...ကို ပြန်လာပြီလား ရှေး စိတ်တွေပူလိုက်ရတာ ဒီနေ့ ဘာလို့နောက်ကျတာလဲ ...''
'' အာ..အမေလည်း ရောက်နေတာလား... ''
'' ဟုတ်တယ် သား...ကဲပါ ဒါအရေးမကြီးဘူး မင်းမိန်းမ မေးတာဖြေလိုက်အုံး...''
'' ပြောရမယ်ဆိုရင် ကို တို့အဖွဲ့က အလုပ်တွေအားလုံးပြီးလို့ အိမ်ပြန်တော့မှာ...ဒါပေမယ့် နောက်တဖွဲ့က မပြီးသေးတော့ သူဠေး က အလုပ်ကူလုပ်ပေးလိုက်ကြတဲ့...ပြီးတော့ ဒီအလုပ်က တကယ်ကို အရေးကြီးတော့လည်း ကိုတို့လည်း ဝိုင်းလုပ်ပေးလိုက်ကြတာပေါ့...အလုပ်က အရမ်းများတော့ အလုပ်လုပ်ရင်း နဲ့ ဘယ်လို့
ခုနှစ်နာရီ ထိုးသွားမှန်းမသိလိုက်ဘူး...
YOU ARE READING
အစွဲလမ်းကြီးသူ
Horrorဒါကတော့ ဆုရဲ့ ပထမဦးဆုံးHorror + Psycho လေးပါနော် ။ ဖတ်ရှုပေးကြပါအုံး ။