"ဒီနေ့ ဘာအချိန်တွေရှိသေးလည်း"
"အခု သွားကြည့်ရမဲ့ Car showroom ပြီးရင် မရှိတော့ပါဘူး Boss"
"Ok သွားကြတာပေါ့ "
"ဟုတ်ကဲ့ပါ Boss"
သွားကြည့်ရမဲ့ နေရာရောက်တော့
ရုတ်တရက့်Boss ကိုယ်တိုင်လာတာမို့ ယောက်ယက်ခပ်ပြီး အုပ်အုပ်ကြပ်ကြပ်
ဖြစ်သွားကြသည်
ဟုတ်သည်လေ သူတို့ Bossက 3လနေမှတစ်ခါလောက်သာလာတာ အဲ့လို3 လနေတစ်ခါမှလာတာကလည်း အတော်ဆုံးတွေပဲရွေးခန့်ထားသည်မို့ ပြီးတော့ သူတို့ Bossကတိကျတယ် ပြတ်သားတယ် စေ့စပ်တယ် ထက်မြတ်တယ်လေ ဘယ်တော့မှ ပြီးစလွယ်မလုပ် အဲ့လိုလုပ်တာကြောင့်လည်း အခုTop 1နေရာရနေတာ မဆန်းး စကားနည်းတယ် လူတကာနှင့်မရော မိန်းမရှုပ်သည်ဟုထင်လျှင် လုံးဝအမှားကြီးမှားတာပဲ ဘေးနားကပျိုမသီတွေများဝိုင်းလို့ ရိုက်သတ်လို့တောင်မကုန် မိန်းမမယူပဲလူပျိုကြီးလုပ်မည်ဟုတောင် ဆိုထားသေးသည် ရုပ်ရည် ရူပကာ မှာလည်းတစ်စက်မှပြောစရာမလို ထူထပ်ပြီးဆက်လျရှိနေတဲ့ မျက်ခုံးအစုံ နဲ့စူးရှတဲ့ မျက်လုံးတစ်စုံ ဖြောင့်စင်းနေတဲ့ နှာတံနဲ့ ယုံကြည်မှူတို့ရှိနေတဲ့ နှုတ်ခမ်း မေးရိုးများကထိုလူရဲ့ အဓိကဆွဲဆောင်ရာတစ်ခု အရပ် 6' 5"ရှိပြီးBady structure တောင့်တင်းခိုက်မာမှုက အပြစ်ပြောစရာမလို
ထိုလူရဲ့နာမည်က "မုမ်းမံ""အလုပ်ချိန်မှာ အလုပ်ပဲလုပ်ရမယ်ဆိုတာသိတယ်ဟုတ်.."
All-"သိပါတယ် Boss"
"မင်းတို့တော်တာကို သိလို့အခုလည်း ခန့်ထားတာ ဒါပေမဲ့ မှာချင်တာကဘယ်တော့မှအမှားမဖြစ်စေနဲ့ တိကျပါစေ "
All-"ဟုတ်ကဲ့ပါ Boss"
ထို့နောက် လူယုံ မင်းနိုင်ကို
"နားနေခန်းသွားမယ်"
"ဟုတ်ကဲ့ Boss"
ထိုအချိန်
"ငါလုပ်တာမှမဟုတ်ဘဲ ငါကဘာလို့လျော်ပေးရမှာလည်း လုပ်တာသူလေ သူနဲ့တိုက်မိတာလေ သူ့ကိုလျော်ခိုင်းပေါ့"
"အကိုတွန်းလိုက်လို့ ဖြစ်သွားတာပဲ ကျွန်တော်တို့အားလုံးမြင်ပါတယ် အကိုတွန်းလိုက်လို့ သူ့ထမင်းချိုင့်နဲ့ ခြစ်မိသွားတာပါ "
YOU ARE READING
Boss's Baby