•T w o•

351 67 4
                                    

あなたはとても奇妙です、なぜあなたは消えたのですか?

ခများကသိပ်ဆန်းကြယ်တာပဲ
ဘာလို့ပျောက်ပျောက်သွားရတာလဲ?

______________________________

နားထဲကို ခုံကိုတစ်ခုခုနဲ့ခေါက်နေသံ တတောက်တောက်ကတိုး၀င်လာသည်။

"ယာမာမူတို ရှိုတ!... ရှိုတ!"

သူ့နာမည်ကိုခေါ်သံသဲ့သဲ့နားထဲတိုး၀င်လာတော့ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အချိန်မှာ မြင်လိုက်ရတဲ့ စာသင်ခန်း ပတ်၀န်းကျင်နဲ့အတူ မဲ့ရွဲ့ပြီးသူ့ကိုကြည့်နေတဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေး။

ဒါဆို ခုနကအဖြစ်အပျက်အားလုံးက အိမ်မက်တစ်ခုပေါ့ ဒါပေမယ့် သူ့ရင်ထဲမှာလေးလံလှသည် အစိုင်အခဲကြီးတစ်ခုဆွဲထားသလိုမျိုးနင့်‌
နေသည်။ မှုန်ဝါးဝါးမြင်ကွင်းနဲ့ရွေရောင်ဖျော့ဖျော့ဆံနွယ်‌တွေရှိတဲ့ထူးထူးဆန်းဆန်းလူကို လွမ်းဆွတ်သလို တွေ့ချင်သလိုခံစားချက်ကြီးက စုံချည်ဆန်ချည်ပြေးလွှားနေသည်။

_ဒါကအိမ်မက်တစ်ခုပဲလေ ဘာလို့ ဘာလို့ အဲ့လောက်ကြီး ခံစားနေရတာလဲ
ကင်မ်ထယ်ဟျောင်း_

"ရားးး ရှိုတ ငုပ်တုပ်မေ့နေပြန်တာလား"

သူ့မျက်နာရှေ့ကိုလက်ကလေးနဲ့အပေါ်အောက်ဝေ့ယမ်းလျှက် ပြောလာသော
ဂျီမင်ကြောင့် အသိစိတ်ပြန်ကပ်သွားရသည်။

"တောင်းပန်ပါတယ် ငါနည်းနည်းအိပ်ချင်မူးတူးဖြစ်နေတာ"

"ငါသာလာမနိုးရင်ဘယ်အချိန်ထိအိပ်နေ
မလဲမသိဘူး ခနနေ အတန်းစတော့မှာကို"

စူပွပွပြောလာသောသူငယ်ချင်လေးစိတ်
ကျေနပ်အောင် ပြုံးပြလိုက်သည်။

ဂျီမင်က ရှား‌ပါးလွန်းတဲ့ သူ့အပြုံးတွေကို သဘောကျလွန်းတာတော့အမှန် ချက်ချင်းပင်ပြုံးယောင်လေးသန်းသွားသည်။

"ကဲ စာပြန်နွေးအုန်း ငါသွားပြီရှိုတ"

"အင်း ဂျီရို"

ဂျီမင်ကတော့ သူ့ခုံသို့ သူလျှောက်သွားပြီဖြစ်သည်။

လေးလံနေတဲ့စိတ်ကြီးကို မျက်ကွယ်ပြုကာ
Notebook တစ်ခုကိုဆွဲထုတ်ရင်း သေချာပြန်ဖတ်နေလိုက်သည်။

Midnight's Door | TG [Eden Contest]Where stories live. Discover now