တစ်ရက်မှာ အလွန်ထူးချွန်လှသော စစ်သူကြီးသည် သူ၏စစ်ရေးအောင်မြင်မှုများနှင့်အတူ မြို့တော်သို့ ပြန်လာခဲ့သည်။သို့သော် သူသည် ဧကရာဇ်ဆီမှ စေ့စပ်ကြောင်းလမ်း စီစဥ်ပေးခြင်းကို လက်ခံရရှိလိုက်ပြီးနောက် သူ၏စစ်သားများနှင့် နယ်စပ်ကို ပြန်လည်ဆုတ်ခွာလုမတတ်ဖြစ်သွားသည်။
မှူးမတ်များနဲ့ စစ်သားများသည် စားပွဲခုံကို ထုရိုက်လိုက်ကာ ဒေါသဖြင့်"Ha!ဒီခွေးဧကရာဇ်က လျိုမိသားစုဆီကနေ စစ်တပ်အာဏာကို ရယူချင်နေတာပဲ!သနားစရာကောင်းတဲ့ စစ်သူကြီးက သူ့တစ်ဘဝလုံး ဂုဏ်သိက္ခာနဲ့ နေလာတာ။အခုတော့ စစ်တပ်အမိန့်တစ်ခုကြောင့် သူ ယောက်ျားတစ်ယောက်ကို ဇနီးအဖြစ် လက်ထပ်ရတော့မယ်။"
စစ်သူကြီး၏ အစိမ်းရောင် မက်မွန်သီးလေးများ(စစ်သူကြီးရဲ့ ပရိသတ်လေးတွေ)သည် သူတို့၏မျက်လုံးများ ဖောင်းကားလာသည်အထိ နှစ်ရက်နဲ့ သုံးညလောက် ငိုနေခဲ့ကြသည်။သူတို့သည် ရှိုက်ငိုကာ"ငါ ငယ်ငယ်ကတည်းက စစ်သူကြီးကို အရမ်းသဘောကျခဲ့တာ။ငါ မျှော်လင့်ထားသလို ခိုင်မြဲတဲ့ အိမ်ထောင်ကို တည်ဆောက်မယ်လို့စိတ်ကူးခဲ့တာ။မထင်မှတ်ဘဲ ငါ ကြိုမမြင်ခဲ့မိဘူး အရှင့်သား.......ဝါး....ဝါး..."
{T/N: ဒီမှာ ပြောချင်တဲ့ 'အရှင့်သား 'က ဘုရင့်တူတော်ကို ဆိုလိုခြင်းတာပါ။ဘုရင်ရဲ့သား မဟုတ်ဘူးနော်။}
စစ်သူကြီး၏ ပရိတ်သတ်တစ်ဦးမှ အော်ဟစ်ငိုယိုကာ"အား~~စစ်သူကြီးက လက်ထပ်ဖို့ အမေးခံလိုက်ရတယ်~ ဝါး ~~အရှင့်သားက အဓိပ္ပါယ်မရှိလိုက်တာ~"
စစ်မှုရေးရာမှာ ထူးချွန်လှသော စစ်သူကြီးသည် ဧကရာဇ်၏ အမိန်စာကို လက်ခံရရှိသော နေ့မှာပဲ မြို့တော်သို့ ပြန်လာခဲ့သည်။ထိုစာတွင် ပြောထားသည်မှာ အရှင့်သား တိဖန်းသည် ငယ်စဥ်ကတည်းက အားနည်းကာ မကြာခဏ ဖျားတတ်သည်။ဗေဒင်ဆရာ၏ ဟောကြားချက်အရ ဤသို့ဖြစ်ရခြင်းမှာ ယင်စွမ်းအား အရမ်းများသောကြောင့်ဖြစ်သည်။ထို့ကြောင့် စစ်သူကြီး၏ခန္ဓာကိုယ်ပေါ်ရှိ ယန်စွမ်းအားများနှင့်သာ ကုသနိုင်မည်ဖြစ်သည်။မင်းသား(တိဖန်း၏ဖခင်)သည် သူ့သား(တိဖန်း)ကို အလွန်ချစ်သူဖြစ်သည်။ဒီကိစ္စကို ကြားပြီးသည်နှင့် မင်းသားသည် အိမ်စေများကို မင်္ဂလာအခမ်းအနား စီစဥ်စေကာ မင်္ဂလာနေ့ရက်ကို သူ(စစ်သူကြီး)မြို့တော်သို့ ပြန်လာပြီး နောက်တစ်ရက်အဖြစ်သတ်မှတ်လိုက်သည်။

YOU ARE READING
စစ်သူကြီးနှင့် သူ၏ ပန်းဂေါ်ဖီလေး (translation)(complete)
RomanceTitle: 大将军和他的" 小菜花" Eng name:The General and His"Little Cauliflower" Authors: 接吻吃大蒜 Kissing And Eating Garlic I don't own this novel. I Just translate this novel. Full credit to owner. ထူးချွန်လှသော စစ်သူကြီး လျိုပင်းသည် သူ မြို့တော်သို့ ပြန်ရောက်လ...