Unicode

47 6 0
                                    

အထက်တန်းပထမနှစ်

ရှန်ဟိုင်းသားလေးရိပေါ်က ပထမဆုံးကျောင်းတက်ရက်မှာတက်ကြွနေတယ်
အကြောင်းကတော့ ဟောက်ရွမ်းတို့ ကျန်းချန်တို့နဲ့ပြန်ကဲရတော့မှာမို့။

ဘယ်အတန်းကျလဲ လိုက်ရှာတော့ ရိပေါ်ရောဟို၂ကောင်ရော class Cမှာကျတယ်

နောက်ဆုံးခုံမှာဝင်ထိုင်လိုက်ပြီး ညာဘက်နဲ့ဘယ်ဘက်နောက်ဆုံး၂ခုံကို ဟိုနှစ်ကောင်အတွက်နေရာဦးပေးထားလိုက်တယ်

ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့ ဟောက်ရွမ်းနဲ့ကျန်းချန်က သူ့ကို့မြင်တော့ ယဉ်ယဉ်ကျေးကျေးပဲနှုတ်ဆက်တယ်

"မင်္ဂလာပါ ခွေးကောင်ကြီး"

ရိပေါ်ကလည်း ယဉ်ယဉ်ကျေးကျေးပဲ လက်ခလယ်ထောင်ပြီးပြန်နှုတ်ဆက်လိုက်တယ်
ဟို၂ကောင်က သူပြောစရာမလိုအောင် သူ့ဘေးကသူဦးပေးထားတဲ့ခုံတွေမှာဝင်ထိုင်ကြတယ် နှစ်တိုင်းလည်းဒီလိုပဲထိုင်ကြတာကိုးးး။

ကျောင်းခေါင်းလောင်ထိုးတော့ အတန်းပိုင်ဆရာဝင်လာတယ် နောက်မှာပါလာတာက ကျောင်းသားသစ်ထင်တယ်။

ခပ်တိုတိုဆံပင်တွေကိုဆီတွေနဲ့ဘေးခွဲထားပြီး လေးထောင့်မျက်မှန်ကြီးတပ်ထားတဲ့ကျောင်းသားသစ်က တကယ့်ကိုstyleမရှိတဲ့ ခပ်တုံးတုံးပုံကြီး။ ဒါပေမယ့် ရိပေါ်ကထင်တယ်။ ဒီကောင့်ကို နည်းနည်းလောက်ပြင်ပေးလိုက်ရင် တော်တော်ချောမှာပဲလို့။
ခပ်ညိုညိုအသားအရည်ကိုကြည့်ရင် ဒီမြို့ကမဟုတ်မှန်းသိသာတယ်။

"မင်္ဂလာပါ ကျွန်တော်ကရှောင်းကျန့်..ချုံချင်းကပြောင်းလာတာပါ"

ထင်တဲ့အတိုင်းပဲ..ဒီမြို့ကမဟုတ်ဘူးပဲ
လူကသာခပ်တုံးတုံး..လေသံအရတော့ သွက်သွက်လက်လက်ရှိမဲ့ပုံ

ရှောင်းကျန့်ကမိတ်ဆက်ပြီး လွတ်နေတဲ့သူ့ရှေ့ကခုံမှာဝင်ထိုင်တယ်။

"မင်းနာမည်ဘယ်လိုခေါ်လဲ..ငါကရှောင်းကျန့် ငါတို့တွေသူငယ်ချင်းလုပ်ကြရအောင် ရှေ့လျှောက်ငါ့ကိုကူညီပေးပါအုံး"

ရှောင့်ကျန့်က နောက်လှည့်လို့ရိပေါ်ကိုစတင်စကားပြောခဲ့တယ်။

SUDDENLY (one shot)Where stories live. Discover now