Unicode_
နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)
အပိုင်း(6)စကားအသုံးအနှုန်းများရိုင်းသွားခဲ့သည်ရှိသော်ချစ်သောမျက်စိဖြင့်ဖတ်ရှုပေးပါရန်။
ရှိုင်းသူရတစ်ယောက်ထိုင်နေကာတွေဝေနေတုန်းအိမ်ထဲဝင်လာတဲ့ သီဟကျော်။
"မောင်"
ရှိုင်းသူရလဲမော့ကြည့်လိုက်ပေမဲ့ ပြောစရာ
စကားမရှိပေ။"အိမ်ထောင်တစ်ခုကိုသစ္စာတရားတွေနဲ့တည်
ဆောက်ရတယ်မောင်။ကိုယ့်ဘက်ကစည်း
ဖောက်ခဲ့ရင် ထိုအိမ်ထောင်ရေးကမမြဲဘူး""မောင်မှားပါတယ်"
"အမှားကိုစည်းမဖောက်ခင်ထဲကသိသင့်တယ်မောင်။မောင်လို့ခေါ်နေပေမဲ့ ကလေးစိတ်ထဲမှာ အရမ်းကိုနာကျင်နေရတယ်"
ဘယ်လောက်ပဲစိတ်ဓာတ်ခိုင်မာတယ်ပြော
နေပါစေ ဝမ်းနည်းကြေကွဲတဲ့အချိန်ကတော့
ရှိအမြဲပဲ။"မောင့်ကိုချစ်တဲ့နေ့ထဲက ကလေးစိတ်ထဲမှာ
မောင်ကကလေးဘဝရဲ့ဒုတိယဘုရားသခင်လို့ယုံကြည်ခဲ့တယ်။မောင့်ကိုချစ်တာထက်ပို
ပြီးမြတ်နိုးခဲ့တယ် ကလေးဘဝရဲ့အရာရာ
တိုင်းကိုမောင်နဲ့ပဲဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့တယ်
ဒါပေမဲ့....မောင်ကတော့..."သီဟကျော်လဲပြောနေရင်းမျက်ရည်တွေအသွင်သွင်စီးကျလာတော့သည်။
"ဟင့်...မောင့်အချစ်တွေကိုဘဝကြီးလို့ထင်ခဲ့
တယ် မောင့်ရဲ့ဂရုစိုက်ကြင်နာမှုတွေကို
ကလေးမြတ်နိုးခဲ့တယ် မောင့်ရဲ့အနမ်းတွေကို
လဲစွဲလန်းခဲ့တယ် နေ့ရက်တိုင်းကိုမောင်နဲ့ပဲ
ဖြတ်သန်းနေခဲ့တယ် မေရောက်မလာခင်မထိပေါ့""မောင်တောင်းပန်ပါတယ်"
"တောင်းပန်တယ်ဆိုတဲ့စကားတစ်လုံးနဲ့
ကလေးရဲ့ဝမ်းနည်းမှုတွေမပျောက်သွားဘူး
မောင် ပြီးတော့မောင့်ကိုဝန်ခံဖို့အခွင့်အရေး
ပေးခဲ့တယ်နော်""ပါပါးငိုနေတယ်"
အိမ်ထဲသို့သားလေးနဲ့ဝေယံဝင်လာခဲ့သည်။
သားလေးကကျွန်တော်မျက်ရည်ကျတာမြင်
တော့ သားလေးကလိုက်ငိုနေတာကြောင့်
ပိုပြီးဝမ်းနည်းရသည်။
![](https://img.wattpad.com/cover/281886777-288-k576507.jpg)
YOU ARE READING
နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)(Unicode)
Fanfictionနောက်ကျောကဓါး(ရင်တွင်းရှိုက်သံ) Intro_ ထိုficတွေပါဝင်သောဇာတ်ကောင်များ နှင့်ဇာတ်လမ်းဇာတ်ကွက်များသည် စာရေးသူ၏စိတ်ကူးဖြင့်ပုံဖော်ထားခြင်း သာဖြစ်သည်။မည်သူတစ်ဦးတစ်ယောက် ကိုမှမရည်ရွယ်ပေ။ လူတစ်ယောက်ရဲ့ဘဝမှာ ကိုယ်အရမ်းချစ်ရတဲ့သူကဖြစ်စေ သူငယ်ချင်းကဖြစ်စေ သစ္...