JaeSahi (One Shot) Forever With You🧡

670 70 14
                                    

'ဂျူလိုင်လ ၁၆ရက်နေ့၊သောကြာနေ့'
စားပွဲ‌ပေါ်ကပြက္ခဒိန်ကိုကြည့်လိုက်ရင်းငါ့‌မွေးနေ့တောင်ရောက်တော့မှာပဲ ဟု အသံထွက်ရေရွတ်လိုက်တယ် ။

သက်ပြင်းချရင်း ကုတင်ပေါ်ကထလိုက်ကာ ရေတစ်ခွက်ခပ်သောက်ရင်းအလုပ်သွားဖို့ပြင်တယ်။

ယွန်းဂျယ်ယော့ ဆိုတာ
'ဂိုဟန်း'အထက်တန်းကျောင်းရဲ့ သိပ္ပံဆရာတစ်ယောက် အပြုံးချိုချိုနဲ့စာအသင်အပြလဲကောင်း၊စကားပြောလဲချိုသာတော့ ကျောင်းမှာတော့တပည့်လေးတွေရဲ့ အချစ်တော်ဆရာတစ်ယောက်လဲဖြစ်တယ်။

နေ့လည်စာစားချိန်ပြီးတော့နားနေခန်းကိုခဏလာတုန်း

'Sam စားပြီးပြီးလား‌ဗျ'

'အင်း အတန်းနီးနေပြီမလား အခန်းဝင်တော့'

'ဟုတ် Sam'

နားနေခန်းထဲ‌ရောက်တော့ ခဏထိုင်လိုက်ပြီးဖုန်းထုတ်ကြည့်လိုက်တော့အဝင်callလဲရှိမနေသလိုမျှော်နေသူဆီကအဝင်စာလေးတစ်စောင်တောင်မရှိ။စိတ်မဆိုးရက်ပါဘူးလေကိုယ်ကသိပ်ချစ်ရတဲ့သူပဲ။ကုမ္ပဏီမှာအလုပ်များနေလို့နေမှာပါ။စိတ်လျှော့လိုက်ရင်းသူကပဲဖုန်းဆက်လိုက်တယ်။

'ဟယ်လို ..ဂျယ်ယော့ဂါမနက်ကမင်းမနိုးသေးလို့ငါလဲ ကိစ္စရှိတာနဲ့ မနှိုးပဲသွားလိုက်တာ'

'အင်း အလုပ်များနေတာလား'

'ဟုတ်တယ် ဒီနေ့ခလေးတွေRecordingရှိလို့ လုပ်ပေးနေရတာနဲ့ '..ဆာဟိHyung !..လာပြီ လာပြီ !

'ဂျယ်ယော့ရာဆောရီးကွာ မအားသေးလို့နောက်မှပြောတော့မယ်'
ကျသွားတဲ့ဖုန်းကိုကြည့်ရင်း ..

သူ့ကောင်လေးအင်း၊အခုသူနဲ့အတူနေတဲ့သူ့ချစ်သူအာဆာဟိ ကဂျပန်လူမျိုး၊YGဆိုတဲ့ComမှာProducerတစ်ယောက်၊ဝါသနာပါတဲ့ပန်းချီကိုလည်းဆွဲရင်း၊ဂီတလောကနဲ့ပန်းချီလောကမှာပါအတော်အတန်နာမည်ရထားတဲ့လူငယ်တစ်ယောက်။

အလုပ်ကလည်းသိပ်များတာပေါ့။ဒါပေမယ့်သူနားလည်ပေးပါတယ်။‌တစ်ခုစိတ်မကောင်းဖြစ်မိတာကအလုပ်နဲ့ယှဉ်လာရင် သူကအမြဲနောက်မှာကျန်ခဲ့တယ်လို့ခံစားရလို့။

Forever With You  💛Where stories live. Discover now