"ထွက်သွား၊ ငါ့နားကထွက်သွားကြ! ! "ခွန်းသိုမှိုင်း ၏ စူးရှရှ အော်သံကြောင့် စိုင်းမိုရ် အပေါ်ထပ်သို့ ခြေလှမ်းကျဲကျဲဖြင့် တက်သွားလိုက်သည်။အပေါ်ထပ်ရောက်တော့ ခွန်း အခန်းထဲမှ ထမင်းပန်းကန်ကိုင်၍ ထွက်လာကြသည့် ကောင်မလေးနှစ်ယောက်၏ မျက်နှာကမကောင်း။
အခန်းတံခါးကို အသာဖွင့်ပြီးဝင်တော့ ခွန်း နံရံကို ရန်ရှာထားဟန်တူသည်။ဖန်ကွဲစများက အခန်းတစ်ခုလုံး ပြန့်ကြဲနေ၏။
ခွန်းကတော့ ခုနကရန်ရှာထားတာ သူမဟုတ်သည့်ပုံဖြင့် အိပ်ခန်းပြတင်းပေါက်ကို မျက်နှာမူပြီး တွေတွေလေး ရပ်နေ သည်။ စိုင်း ဝင်လာသည်ကိုတောင် သတိမပြုမိသလိုပင်။
" မောင်..."
စိုင်း ခေါ်လိုက် တော့မှ ခွန်း အသာလှည့်ကြည့်ပြီး ပြုံး၏။ ခွန်းပြုံးနေသော်လည်း မျက်နှာ အမူအယာကအသက်မပါသလို မျက်ဝန်းတို့က ဝမ်းနည်းရိပ်သန်းနေသည်။
" ဘာလို့ လေတိုက်ခံနေတာလဲ မောင် "
" ငယ်မှ မလာသေးတာ မောင်က ငယ့်ကို စောင့်နေတာလေ "
" မောင်ရယ် ငယ်လာမှာပေါ့ ၊ ဘာလို့ တစ်ခန်းလုံးပေါက်ခွဲထားတာလဲ "
ကျွန်တော့် အပြောကို ခွန်းက သဘောမကျသည့်အမူယာဖြင့် မျက်မှောင်ကျုတ်ပြီး ပြတင်းပေါက်ဘက်သို့ ပြန်လှည့်သွားသည်။
" ငယ်က မောင့်ကို ပြစ်ထားဖူးတယ် မလား ၊ ဟိုးက ငှက်လေးတွေလိုပဲ ငယ်လဲ မောင့်ရဲ့ အဝေးကို အကြာကြီး ပျံသန်းသွားဖူးတယ်လေ၊ တစ်နှစ် လား ၂နှစ်လားတောင် ၊ မောင် တကယ်မမှတ်မိတော့ဘူး.. "
အမေးနှင့်အဖြေတို့က အဆက်စပ်မရှိပဲ ခွန်း မဲမှောင်နေသော ကောင်းကင်အောက်က မိုးခိုရန်နေရာရှာနေသည့်ငှက်လေးတွေကို လက်ညှိုးထိုးရင်း ခပ်ဆွေးဆွေး ပြောနေ၍ စိုင်း ကုတင်ပေါ်ရှိ စောင်ကို ကောက်ယူပြီးခြုံပေးကာ ခွန်းနှင့်ယှဥ်ရပ်လိုက်သည်။
မိုးငွေ့ပါသည့် အေးစိမ့်စိမ့်လေထု မျက်နှာကို လာရိုက်ခတ်တော့ စိုင်း ကျောထဲ စိမ့်ခနဲတောင် ဖြစ်သွားသည်။
ခွန်းကတော့ ပတ်ဝန်းကျင်ကို မေ့နေသည့်နှယ်အဝေးကို ပျံသွားတဲ့ ငှက်လေးတွေကို သာ မမှိတ်မသုန် စိုက်ကြည့်နေ၏။
YOU ARE READING
ဤဆုတောင်းများ နောင်ဘဝ၌ ပြည့်ပါရစေ ( oneshot)
Short Storyအကယ်၍ နောင်ဘဝသာ တကယ်ရှိရင် မောင်ချစ်ရတဲ့ ငယ်အဖြစ် ပြန်ဆုံဖို့ ဆုတောင်းပါရစေ။