" ommaဧည့်သည်ရောက်နေတာလား "
" ဧည့်သည်မဟုတ်ဘူး ဂုဏ်လေးရောက်နေတာ သွားရော့ ဒါလေးသွားချပေးလိုက် "
" ဟာ အမေကလဲကြီးမြကိုသွားချခိုင်းလိုက် သားမသွားချင်ဘူး "
" နင့်ကြီးမြမအားလို့ပေါ့ ဒါလေးလုပ်ကတာအပန်းကြီးတာကျ သွားချသွား "
အမေဘာသိလို့လဲ အဲ့စပ်ဖြဲဖြဲလူကသားကိုလိုက်ကြောင်နေတာ မသွားဘူး လုံးဝမသွားဘူး ဒါကတော့မာန်စိတ်ထဲကပြောလိုက်တာပေါ့ အပြင်မှာပြောလို့မကောင်းဘူးလေ ဒါကိုဖတ်နေတာခင်များတို့လိုရုပ်ဆိုးတွေမသိပါဘူး (စတာနော်အဟီးး🤭)
" ဟဲ့ ငါပြောနေတယ်လေ "
" ပြီးရော ပြီးရောပေး အမေတို့များသားလေးတစ်ယောက်ရှိပါတယ် တောက်တိုမယ်ရများမှတ်နေကျလားမသိဘူး ဟွန့် "
.
.
.
" မာန်လေး အကို့လာလို့ထွက်တွေ့တာလား "" ခင်များလိုစပ်ဖြဲဖြဲကိုထွက်တွေ့စရာလား အမေခိုင်းလို့ဒါလာပို့တာ ရော့ မျို "
" နွေဦးမာန် အကြီးကိုဘယ်လိုပြောလိုက်တယ် "
ဘယ်ချိန်ကဘယ်လိုရောက်လာမှန်းမသိတဲ့ အဖေ ရှိနေရင်လဲသတ္တိလေးဘာလေးပေးပါလားလို့
" ဟို သုံးဆောင်လို့ပြောလိုက်တာပါ အဖေ "
" ငါကြားတယ်နော် ဟင်းဟင်း အကြီးကိုမရိုမသေ "
" အဖေကလဲ.."
" ဘာမှအဖေကမလဲ ပြန်တောင်းပန် "
" ဟုတ် ဟို..တောင်ပန်းပါတယ် "
တောင်းပန်နေတာကို အကောင်းမှတ်ပြီး စပ်ဖြီးဖြီးလုပ်မနေနဲ့အဖေကိုကြောက်လို့ နမို့ဆိုခင်များ အချောလေးလက်စာမိသွားမယ်မှတ်
" ရပါတယ် အန်ကယ်ရဲ့ မာန်ကကလေးမို့လို့ပါ ကျွန်တော်စိတ်မဆိုးပါဘူး "
" ဒီကောင်လေးကအဲ့လိုဘဲ အမေရောအဒေါ်ရောကအလိုလိုက်ထားတော့ ဆိုးချင်တိုင်းဆိုးနေတာ "
" ဒါဆို ဆုံးမဖို့လူလိုနေပြီပေါ့ "
" ဒါပေါ့ငါ့တူရယ် အန်ကယ်ကလဲအလုပ်တစ်ဖက်ဆိုတော့ ငါ့တူကဘဲညီလေးတစ်ယောက်လိုဆုံးမပါ ရိုက်စရာရှိရိုက် ဆူစရာရှိဆူ အန်ကယ်စိတ်မဆိုးဘူး "
YOU ARE READING
Daddy's baby...
Romance"D addyy..." "No... baby ! နောက်ကျသွားပီ" "Baby, you say., yes daddy" "Yes Daddyy" 🙈🙈🙈🙈