(ပထမဘဝ 2)

64 10 5
                                    

"သခင်မ နိုးပါပီလား"

အနားယူနေစဥ်ကြားလိုက်ရတာက   မူလဆယ်ရီးရဲ့ အစေခံဖြစ်သူ အလင်နာ

အလင်နာသည် ကုန်သည်မျိုးနွယ်စုမှဖြစ်ပြီး အရွယ်ရောက်တဲ့အခါ မြို့စားအိမ်တော်သို့ရောက်ရှိလာပီး မူလဆယ်ရီးအပေါ်သစ္စာရှိသောလူလဲဖြစ်သည် မူဆယ်ရီးကမကောင်းတဲ့လမ်းက်ုရောက်စဥ်က အလင်နာသည် တားဖို့ကြီုးစားရာ မူလဆယ်ရီးကအပြစ်ပေးရာမှ သွေးထွက်လွန်သေဆုံးခဲ့ရသည်။

'ဟူးး. . ဆယ်ရီးကတကယ့်ကို လူယုတ်မာပဲ'

နားထင်ကိုအနည်းငယ်နိုပ်လိုက်သည်   သူမရောက်လာတဲ့အချိန်ကမဆိုးပါဘူး မြို့စားကမယားငယ်ငယ်လေးကို မခေါ်လာသေးဘူး ၊သူမသားလေးဗော့(Bob)က၃နှစ်ကျော်အရွယ် ၊မယားငယ်ရောက်လာခါနီးအချိန်ဖြစ်သည်။

"အင်း သားလေးဗော့ကော. .မနတ်စာအတူစားဖို့ သူ့ကိုခေါ်လာခဲ့ပေး"

"အမ်!. . ကောင်းပါပြီသခင်မ"

အလင်နာအံသြမိသွားသည် မြို့စားကတော်က သခင်လေးကို သင်တန်းတွေ ၊သင်ယူမူ့တွေကြားပစ်သွင်းထားခဲ့သည်မို့ ခုလိုခေါ်တွေ့တယ်ပီးအတူစားတယ်ဆိုတာရှားပါးသည်လေ။

ရေချိုးပြင်ဆင်ပီး စားသောက်ခန်းထဲမာ စောင့်နေလိုက်သည်
ဆယ်ရီးကမိန်းမလှတဦးဖြစ်သည် အနီရောင်ဆံနွယ်ရှည်တွေကပျော့ပျောင်းနူးညံနေပီး ရေလိုင်းလေးတွေလိုကောက်သည် ဆံပင်ကိုထုံးဖွဲ့ထားခဲ့သည်
သူမ့ရဲ့အဝတ်ဗီရိုထဲတွင်  တော်ဝင်နီရောင်ဝတ်စုံများသာဖြစ်သည် ကြည့်ရတာ မူလဆယ်ရီးကအနီတောက်တောက်တွေအရောင်ရင့်ရင့်တွေဝတ်ဆင်၊ခတ်ထန်တဲ့အမူရာဟန်ဆောင်ရင်း သူမ့ရဲ့ အားနည်းတဲ့ ဘတ်အချမ်းကို ကာကွယ်ပုံရသည်။

မြင့်မားတဲ့အခန်းတံခါးက ဖြည်းညင်းစွာပွင့်လာပီး  သေးငယ်ဖြူဖွေးတဲ့လက်ကလေးကပေါ်လာခဲ့သည်  ထိုစဥ်  မျတ်နှာမြင်ချစ်ခင်ပါစေ ဟူသောဆုနှင့်  အလွန့်ကိုချစ်စရာကောင်းတဲ့  ကလေးသေးသေးလေးက  သူမကိုအမေလို့ခေါ်လာသည်။

"အို. . .လာထိုင်. " သူမရဲ့အနီးနားကနေရာက်ုပုတ်ပြလိုက်သည်

မဟူရာအလိုဆန္ဒဘုံWhere stories live. Discover now