အပိုင်း (၁)

195 10 5
                                    

မနက်ခင်း ၁၀ နာရီဝန်းကျင်ခန့်ဖြစ်သည်။ Yokohama မြို့ Private ​ဆေးရုံတစ်ခုရှိအခန်းငယ်လေးတစ်ခုထဲဝယ် ဂျူတီကုတ်အဖြူရောင်တလွင့်လွင့်နဲ့ ဆရာဝန်လေးနှစ်ယောက်ဟာလူနာတစ်ယောက်၏မှတ်တမ်းကိုကြည့်လျှက် ဆွေးနွေးတိုင်ပင်လျက်ရှိသည်။

"ဘယ်လက်ကျိုး၊ ခြေအဆစ်လွဲပြီး၊ နံရိုးတစ်ချောင်းပါကျိုးသွားတယ် Dr.. ကံကောင်းတယ်ဆိုရမလား.. အဓိကကိုယ်‌တွင်းအင်္ဂါအစိတ်အပိုင်းတွေတော့မထိသွားဘူး.. ဦးခေါင်းလည်း ၇ ချက်ချုပ်ထားလိုက်ရတယ် Dr.. မေ့ဆေးပေး‌ထားတော့ တော်ယုံသတိရအုံးမယ်တော့မထင်ဘူး.. အသက်ရှူနှုန်း နှလုံးခုန်နှုန်းကတော့စိတ်ပူစရာမရှိတော့ပါဘူး.."

"အင်း.. ကောင်းပြီ။ တာဝန်ကျေပါတယ်... ဒီတစ်ခေါက်ကော သတ်သေဖို့ကြိုးစားတာပဲတဲ့လား"

"ဟုတ်ပါတယ်.. Dr. ဒီတစ်ခေါက်က ၄ လွှာကနေခုန်ချတယ်ဆိုပါတယ်.. ကံကောင်းပြီး ပါကင်ထိုးဖို့ကြိုးစားတဲ့ကားအပေါ်တည့်တည့်ပြုတ်ကျတော့ ထိခိုက်ဒဏ်ရာကြီးကြီးမားမားမရခဲ့ဘူးပဲဆိုရမှာပါ.."

Chuuya လေပူတစ်ချက်သာခပ်ပြင်းပြင်းမှုတ်ထုတ်မိလိုက်တော့သည်။ သူ့ရဲ့မျက်နှာရှေ့မှာဝဲကျနေတဲ့ နေဝင်ဆည်းဆာလိုအရောင်မျိုးရှိတဲ့ နီဝါရောင်ဆံပင်တချို့ဟာ မှုတ်ထုတ်လိုက်တတဲ့လေပူကြောင့်လွှင့်ခါလျက်..

ဒီလူနာကို Chuuya ကောင်းကောင်းသတိထားမိတယ်.. သူဒီဆေးရုံမှာစပြီးအလုပ်စဝင်ကတည်းက ဒီလူနာဟာ အိပ်ဆေးလွန်ပြီး ဆေးရုံကိုအရေးပေါ်လူနာအ‌ဖြစ်ရောက်လာတာကိုမှတ်မိလို့နေသေး.. အဲ့ကတည်းက တစ်မျိုးတစ်ဖုံအကြောင်းအမျိုးမျိုးနဲ့ဆေးရုံကိုမရိုးရအောင်ကိုရောက်လာနေတာ.. ရေနစ်တာ.. ကြိုးဆွဲချတာ.. မောင်းလာတဲ့ကားရှေ့ဝင်ပြေးဖို့ကြိုးစားတာ..

သူ့ကို Chuuya ကတစ်ခါမှတာဝန်ယူကုသမဖူးပေမဲ့လို့ အခုတော့သူလက်ထဲရောက်လာခဲ့ပြီ။ သူ့ကို‌အရင်ကအမြဲခွဲစိတ်ပေး ကုပေးခဲ့တဲ့ Dr.Oda ဟာ ဒီနေ့လည်းသူ့ကိုခွဲပေးပြီးချင်ချင်း နယ်မြို့ကမိဘမဲ့ကလေးတွေအတွက် ဆေးရုံဆေးခန်းတစ်ခုစီအရေးပေါ်ဆိုပြီးအမှီပြေးသွားရှာတယ်.. ဒီလိုနဲ့အခုဒီ Dazai Osamu ဆိုတဲ့လူနာဟာ Nakahara Chuuya ဆိုတဲ့ဆရာဝန်တစ်ယောက်ရဲ့လက်ထဲမှာ..

You're The Reason Why I've Decided To LiveWhere stories live. Discover now