extra

3.4K 139 2
                                    

အချိန်တွေက အကုန်မြန်လိုက်တာ ကိုယ့်ရင်ခွင်ထဲက နီတာရဲပေါက်စလေးကသုံးနှစ်တောင်ပြည့်သွားခဲ့ပြီ ခုဆိုသားသားက မူကြိုတတ်နေပြီလေ ရိပေါ်လည်း ရှောင်မားရဲ့ ရတနာဆိုင်မှာ ကူလုပ်ပေးနေပြီ  သားကျောင်းသွားချိန်မှာ ရိပေါ်လည်းဆိုင်သွားရပြီး သားကျောင်းဆင်းရင် သားကိုကြိုပြီး ရိပေါ်ပါ တစ်ခါတည်းအိမ်ပြန်ရသည် ။ ကိုကိုကသားကျောင်းသွားတဲ့အချိန်ဆို ရိပေါ်တစ်ယောက်ထဲပျင်းနေမှာဆိုးလို့သာ မားဆိုင်မှာ ကူပေးတာကိုခွင့်ပြုထားတာ ရိပေါ်ကိုအလုပ်လုပ်စေချင်တာမဟုတ်ဘူး ဒီနေ့က ပိတ်ရက်ဆိုတော့ အိမ်မှာမိသားစု စုံလင်နေတယ် သားသားနဲ့ကိုကိုကြိုက်တတ်တာလေးတွေပဲ မျန်မျန်ကို ချက်ခိုင်းထားတာ အခုလည်းဟင်းနွေးခိုင်းပြီး ထမင်းစားဖို့လုပ်နေတာကို ဟိုသားဖက အခုထိမပေါ်လာဘူး ရေကိုဘယ်လောက်တောင် ကြာအောင်ချိုးနေကြလဲမသိဘူး။
"မျန်မျန် ပြင်စရာရှိတာပြင်ထားလိုက်တော့နော် ဟိုသားဖကို သွားခေါ်လိုက်ဦးမယ် ''

""ခေါ်စရာ မလိုတော့ပါဘူးဗျာ လာပါပြီ'' ကိုကိုကသားသားကိုချီပြီးဆင်းလာရင်း ဖြေသည်။

"" အ့ဆိုလည်း ထမင်းစားမယ် တစ်ကဲတည်း ရေချိုးတာလည်းကြာလိုက်တာ ''

"မကြာပါဘူးချစ်ရဲ့ သားသားအင်ကျီရွေးနေလို့ ကြာသွားတာ ''
""ကိုယ်တော်လေးက အိမ်မှာနေရင်းဝတ်မှာကိုအင်ကျီ ရွေးနေရသေးတယ်ပေါ့ဟုတ်လား လာပါးပါးဆီကို ''သားကို ကိုကို့ဆီကခေါ်ကာ ခုံပေါ်တင်ပေးလိုက်သည် ။ ပြီးမှရိပေါ်က ဘေးကဝင်ထိုင်လိုက်ပြီး သားရှေ့ ထမင်းပန်းကန်ချပေးလိုက်သည်။
""ချစ် သားသားကို မခွံ့ဘူးလား ''
""မခွံ့တော့ဘူးလေ သားသားကကျောင်းလည်းတတ်နေပြီဆိုတော့ ထမင်းလည်းသူ့ဘာသာစားတတ်အောင် ဒီနေ့ကစပြီးသူ့ဘာသာစားခိုင်းတော့မယ် '' ပြောပြီး ဟင်းတွေကိုအသင့်စားလို့ရအောင်လုပ်ပြီး သားသားပန်းကန်ထဲ ထည့်ပေးပြီးစားစေလိုက်သည် ။ စားသောက်ပြီးကြတော့ ဧည့်ခန်းထဲမှာသုံးယောက်သား TV ထိုင်ကြည့်ကြသည် ထုံးစံအတိုင်းကာတွန်းကာပဲပေါ့ ခနနေဆိုသားကို သိပ်တော့မှာ ကျောင်းမတတ်ခင်တုန်းကလည်း ရိပေါ်က နေ့ခင်းဘက်ဆိုသိပ်နေကြ အခုကျောင်းပို့ထားတော့လည်း ကျောင်းမှာ နေ့ခင်းဘက်အိပ်ရတယ်လေ အခုလည်း မျက်လုံးက စင်းနေပြီကို အတင်းပြူးပြီး ကာတွန်းကားကြည့်နေပြန်သည် ။
"သားကို သွားသိပ်လိုက်တော့မယ် အိပ်ချင်နေပြီ ''
"အွန်း သွားလေ ကိုကို ရုပ်ရှင်ခနကြည့်ဦးမယ် ''ဆိုကာ ဇာတ်လမ်းလာနေတဲ့လိုင်းကို ပြောင်းလိုက်သည် ရိပေါ်တို့နှစ်ယောက်မှာ သားမရှိတဲ့အချိန်လည်း ကိုယ်ကြိုက်တာကြည့်လို့ရတယ် သားရှိရင် သူ့အကြိုက်ကာတွန်းကာပဲဖွင့်ပေးရတယ် မဖွင့်ပေးပဲကိုယ့်ကြိုက်တာကြည့်နေရင် အာပြဲကြီးနဲ့ အော်ငိုရော
"အ့ဆို သားကိုသိပ်ပြီး ပြန်ဆင်းလာခဲ့မယ် '' ရိပေါ်သားကိုသိပ်ခဲ့ပြီး ပြန်ဆင်းလာတော့ ကိုကိုက ရုပ်ရှင်ကြည့်နေတုန်း ဘေမှာဝင်ထိုင်လိုက်တော့ ရိပေါ်ကို ရင်ခွင်ထဲဆွဲသွင်းရင်း ရုပ်ရှင်အတူတူထိုင်ကြည့်ကြသည်။TVကြည့်လိုက် ရိပေါ်ကို ငုံ့နမ်းလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ကိုကိုရယ်ပါ ။
ရှောင်းကျန့် အချစ်ကို နမ်းလိုက်TVကြည့်လိုက်လုပ်နေတော့ ဇာတ်လမ်းသာပြီးသွားတယ် ဘာမှန်းကိုမသိလိုက်ဘူး အချစ်ကိုကြည့်တော့လည်း သူရင်ခွင်ထဲမှာ အိပ်ပျော်နေပြီ သူလည်း အိပ်ရတာ သက်တောင့်သက်သာမရှိမှာစိုးလို့ ဆိုဖာပေါ်ကို ဖြည်းဖြည်းလေးအသားကျအောင်ချသိပ်လိုက်သည်။ ပြီးမှရုံးကစာရင်းတွေထိုင်စစ်နေလိုက်သည် ။
~~~~
ရှောင်းကျန့် စားရင်းတွေလုပ်နေတုန်း အချစ်ဖုန်းက မြည်လာလို့ကြည့်လိုက်တော့မား ဆက်တာဖြစ်နေသည် အချစ်ကဖုန်းသံကြောင့်နိုးသွားသည်ထင်တယ် အိပ်ချင်မူးတူးလေးနဲ့ ထထိုင်လာသည် သူလည်းအချစ်ကိုဖုန်းပေးလိုက်ပြီး စားရင်းသာဆက်လုပ်နေလိုက်သည် ။
"ကိုကို ဟိုဘက်အိမ်ခနသွားလိုက်ဦးမယ် မနေ့က အပ်ထားတဲ့ပစ္စည်းလာယူလို့ လှမ်းခေါ်တာ ခနနေသားသားကိုသွားကြည့်လိုက်ဦးနော် နိုးပြီလားလို့ ''
"အင်း ကိုကိုကြည့်ထားလိုက်မယ် '' ရိပေါ်လည်း ပြောပြီးတာနဲ့ အခန်းထဲပစ္စည်းတတ်ယူကာ မားတို့အိမ်ကူးလာလိုက်သည် ။
အချစ်သွားပြီး နာရီဝက်လောက်ကြာတော့ သားနိုးပြီးလားဆိုပြီး အပေါ်တတ်ကြည့်တော့ တွေ့ပါပြီ အိပ်ယာပေါ်မှာ ငိုမဲ့မဲ့လေးနဲ့ ငုတ်တုတ်လေးထိုင်နေတာ မျက်လုံးကလည်းဟိုကြည့်ဒီကြည့်နဲ့ သူနိုးလာတော့ဘယ်သူ့မှမတွေ့လို့ရှာနေတာဖစ်မယ်
""ဒယ်ဒီ့သားလေး နိုးပြီလားကွ ''
""ဟင့် ဒယ်ဒီ ချီ '' ငိုသံလေးနဲ့ ချီဆိုပြီးလက်ကမ်းလာတဲ့ပေါက်စကို ချီလိုက်သည် အချစ်သွားထဲက သူသားနားမှာ နေလိုက်ရမှာကို အခုကလေးကဝမ်းနည်းရပြီ
"" ဒယ်ဒီ့ ကလေးလေးဝမ်းနည်းသွားပြီး ဒယ်ဒီ့အပြစ်နော် သားသားနိုးပြီဆိုတော့ ဘာစားချင်လဲပြောဒယ်ဒီကျွေးမယ်'

မာနတို့ဖြင့်စည်းခြားထားသော Where stories live. Discover now