ရပ်လိုက်ပါအုံး။ ခဏနားလိုက်ပါအုံး။
နင် လူတစ်ယာက်ကို ထပ်ချစ်မိတော့မလို့မို့လား။နင် မမှတ်သေးဘူးလား။
ဟိုတုန်းထွက်သွားတဲ့လူတိုင်းကလည်း ငါတို့ဆီကို ပျော်ရွှင်မှုတွေသယ်ဆောင်ပြီး လာခဲ့တာပဲလေ။ နောက်ပြီးကျမှ ဒဏ်ရာတွေနဲ့ ချန်ရစ်ခဲ့တာပဲမလား။အယုံမလွယ်ပါနဲ့လို့ နင့်ကိုယ်နင်... ငါ့ကိုယ်ငါ ပြောထားတယ်လေ။
ငါတို့ သံသယဝင်ရင် အမြဲမှန်ခဲ့တာမလား။
နင်ထပ်ပြီး မချစ်နဲ့။တစ်ယောက်ထဲပဲ ပျော်အောင်နေပါဆို။
လူတိုင်းက နင့်ကို... ငါ့ကို... လိုအပ်သလိုမျိုး ပြုမူခဲ့ကြတာပဲ။ နောက်ပြီးမှ ငါတို့က အဲ့ဒီလူတွေကို ပိုလိုအပ်သွားကြတာလေ။ အဲ့ဒီလိုအချိန်ကျ သူတို့ ထွက်သွားကြတာပဲမလား။နင်နဲ့ ငါက ကျိန်စာသင့် လူသားလေ။
နင်ထပ်ပြီးချစ်မိတဲ့အခါ ပျော်ရွှင်မှုကို အကြာကြီး ထပ်ပြီး ပျောက်ဆုံးသွားတော့မှာ။ငါသိပါတယ်။ လူတွေကို ယုံကြည်ပေးသင့်တာကို။ ငါနားလည်တယ်။ ဘယ်တော့မှ ထွက်မသွားတဲ့လူတွေ တကယ်ရှိတာကို။ ဒါပေမယ့် ငါတစ်ခါမှ ရှာမတွေ့ခဲ့သေးလို့.... ငါတို့ အကြိမ်ကြိမ် ကျန်ရစ်ခဲ့ဖူးလို့...
ခဏလောက် ရပ်လိုက်ပါအုံး။
နောက်ကျနေပြီ ဆိုပေမယ့်ပေါ့လေ။
