Part-4❣️

9K 478 3
                                    

Unicode

"ဘယ်သူလဲ"

"ဟို...ငါပါမောင်"
ကျွန်တော်အခန်းတံခါးကိုအသာလေးလက်ဖြင့်တွန်းဖွင့်လိုက်တော့၊မောင်နဲ့အကြည့်ချင်းဆုံသွား၏။မောင်နဲ့ကျွန်တော်ခဏတာငြိမ်သက်၍၊တစ်ယောက်ကိုတစ်ယောက်ငေးကြည့်နေမိသည်။ခဏကြာတော့မောင် ကျွန်တော့်ဆီရောက်နေသော သူ့အကြည့်တွေကိုလွဲလိုက်ပြီး။

"ဘာလာလုပ်တာလဲ"

"....."

"မေးနေတယ်လေ"
မောင် ခပ်မာမာလေသံဖြင့်မေးလာတော့၊ကျွန်တော်ခေါင်းလေးငုံ့လိုက်ရင်း။

"ဟို...မောင့်ကိုတွေ့ချင်လို့"

"ဘာကိစ္စလဲ"

"အမ်...ဒီတိုင်း"

"ဘာမှမဟုတ်ရင်သွားတော့၊နောက်တစ်ခါအခန်းထဲ၀င်ရင်တံခါးခေါက်ပြီးမှဝင်၊အခုလိုအသိမပေးပဲလာတာငါမကြိုက်ဘူး"

"အင်း"
ကျွန်တော်ထိုစကားလုံးလေးတစ်လုံးသာပြန်ပြောနိုင်ပြီး၊ခေါင်းလေးငုံ့ကာမောင့်အခန်းထဲကထွက်လာခဲ့မိ၏။မျက်၀န်းအိမ်မှာလဲမျက်ရည်စတွေအပြည့်နဲ့ပေါ့။

အခန်းတံခါးလေးရဲ့အပြင်ဘက်မှာင်ိုနေတဲ့ကောင်လေးတစ်ယောက်ရှိသလို၊အခန်းလေးရဲ့အတွင်းဘက်မှာလဲအခန်းတံခါးလေးကိုမှီပြီးစိတ်မကောင်းဖြစ်နေတဲ့ကောင်လေးတစ်ယောက်လည်းရှိနေတယ်ဆ်ိုတာဘယ်သူမှသိနိုင်မည်မဟုတ်ချေ။

အချိန်တွေလည်းတရွေ့ရွေ့နဲ့ကုန်ဆုံးသွားခဲ့၏။မောင်နဲ့ကျွန်တော်ရဲ့ဆက်ဆံရေးကလည်းပို၍အေးစက်လာပြီး၊တစ်ယောက်နဲ့တစ်ယောက်တစိမ်းတွေလိုပင်။မောင်ကတကယ်နေနိုင်လွန်းတဲ့လူ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်၁၀န်းအောင်စာရင်းထွက်သောနေ့၊တစ်အိမ်လုံးကျွန်တော့်ကို၀မ်းသာအားရစောင်ကြိုနေတဲ့အချိန်၊ကျွန်တော့်ရဲ့မောင်ကတော့အခန်းထဲကပင်ထွက်မလာခဲ့ချေ။

"မေမေ"

"ပြောလေသားနွေလေး"

"မောင် အာ...မှားလို့ညီလေးချစ်သောမောင်ရော"

"သြော်...သားညီလေးက၊သူ့အခန်းထဲမှာလေ"

"သားသွားလိုက်အုံးမယ်နော်"

မောင့်အတွက်ဖြစ်တည်ခြင်း💕 မောင့်အတွက်ဖြစ်တည်ခြင်း💕{completed}Where stories live. Discover now