Unicode
Y/nတို့တော့ပိုကီစားပြီးနောက်Y/nမှသူ့အမေအိမ်တစ်ရက်ပြန်အိပ်မည်ဆိုသောကြောင့်ပြန်ခဲ့သည်Taehyungကတော့လိုက်ပို့ပေးမည်ပြောသော်လည်းအလုပ်ရှုပ်မည်စိုးသောကြောင့်နတစ်ယောက်တည်းပြန်လာလိုက်သည်
လမ်းလျှောက်လာရာတွင်အနည်းငယ်လူပျက်သည့်နေရာရောက်သောအခါအနောက်တစ်ယောက်ယောက်လိုက်လာသလိုခံစားချက်မျိုးခံစားနေရသည်လှည့်ကြည့်သော်လည်းမတွေ့..ထို့ကြောင့်ခပ်သွက်သွက်ရှောက်လာလိုက်သည်တစ်နေရာရောက်ချိန်တွင်အနောက်မှတစ်ခုခုဖြင့်ခေါင်းအားရိုက်ချလိုက်သည့်ခံစားချက်! ထို့နောက် Y/nဘာမှမသိတော့ချေ..
.
.
.
.
.
.
Taehyung y/n အိမ်ကိုပြန်ပို့ပေးမယ်ပြောသော်လဲY/nမှအဆင်ပြေတယ်သူ့ပါသူပြန်မယ်ပြောသောကြောင့်လိုက်မပို့ပဲနေခဲ့သည်သို့သော်လည်းစိတ်မဖြောင့်..Y/N အိမ်ကိုရောက်မည့်အချိန်တွင်y/nကိုဖုန်းဆက်ကြည့်လိုက်သည်သို့သော်လည်းဖုန်းမကိုင်ချေTae(pov)ဘာလို့မကိုင်တာလဲကွာ
ည7ခွဲလောက်သည့်ဆက်တိုက်ဖုန်းခေါ်သော်လည်းဖုန်းလုံး၀မကိုင်သောကြောင့်Y/nအိမ်သို့လိုက်သွားရန်ဆုံးဖြတ်လိုက်သည်bus ကားမိနစ်၂၀လောက်စီးပီးရောက်သောမှတ်တိုင်ကနေ၂မိနစ်လောက်လမ်းလျှောက်လိုက်လျှင်Y/nအိမ်ရောက်ပြီဖြစ်သည်
Taehyungထိုလမ်းသို့လျှောက်စဥ်လမ်းတွင်ကျနေသောနေကြာပန်းအရုပ်ကလေးတစ်ခုအားကောက်ယူ၍..
Tae=ဒါဒါY/nဟာမလားy/n Hoodieကနေကြာပန်းလေးပဲTaehyungဒီလောက်ဆိုသဘောပေါက်ပြီဖြစ်၍ချက်ချင်းပင်jiminတုိ့ဆီဖုန်းဆက်ကာအကျိုးအကြောင်းပြောပြ၍Y/nကိုလိုက်ရှာသည်
YOU ARE READING
Rejected Love
Fanfictionအမုန်းကနေအချစ်ကိုပြောင်းလဲတတ်တယ်ဆိုတာကျွန်တော်အခုအကြွင်းမဲ့ယုံသွားပြီ -Kimtaehyung