_ Elvis Archambault _
ကျနော် က ယောက်ျားလေးတွေကိုပဲ စိတ်ဝင်စားတဲ့ Gay တစ်ယောက် မဟုတ်ပါဘူး
ထို့အတူ ထယ်ယောင်းကလည်း နုနုဖတ်ဖတ် homo တစ်ယောက် မဟုတ်ပါအရပ်မြင့်မြင့် ခန္ဓာကိုယ် တောင့်တောင့်နဲ့ ကောင်လေး Elvis
လူတစ်ယောက်ကိုမှ မချစ်မိသေးဖူးဆိုရင် ယုံနိုင်လေမလားတကယ်တမ်းလည်း တစ်ခြားဘယ်သူ့ကိုမှ မချစ်ဖူးသေးပါ
သူသည်သာ ပထမဆုံးနှင့်နောက်ဆုံးသော ချစ်ခြင်းပင်ဖြစ်လိမ့်မည်အလွယ်တကူပဲ ခေါင်းစဉ်တပ်ရရင်တော့
ယောကျာ်းပျို တစ်ယောက်၏ အပြုံး၌ ပျော်ဝင်သွားရသော
"Elvis Archambult " ၏ ချစ်ခြင်းတရား.....................................
................._ 2021 _
Seoul _ အထက်တန်းကျောင်း
canteen ရှိ တစ်ခုထဲသော စားပွဲခုံအလွတ်နေရာလေးဆီ ခပ်သွက်သွက် လျှောက်ရင်း လက်ထဲမှ မုန့်ဘူးတစ်ချို့ကိုလည်း ထိန်းကိုင်လာလိုက်သည်
မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်ရင်း အရောင်လက်နေတဲ့ စာအိတ်လေးကို ဖွင့်ဖောက်ကြည့်ကာ မချိုမချဉ်ဖြစ်နေတဲ့ မျက်နှာထားနဲ့ ထယ်ယောင်းက ဝါးစားပစ်ချင်စရာ
" Elvis !!
မင်း lucy ကို နည်းနည်းလေးမှ
စိတ်မဝင်စားဘူးလား
ရုပ်လေးကလည်းချော နောက်ပြီး
သူလည်း သွေးနှောမျိုးရိုးဆိုတော့ မင်းနဲ့.... "အရည်မရ အဖတ်မရ မနားတမ်းပြောနေတဲ့ ပါးစပ်ပေါက်လေးထဲ အာလူးချောင်းကြော်တွေ ထိုးထည့်ပေးလိုက်တော့မှ
ခနတာ ငြိမ်သက်သွားလေရဲ့" မင်းကလွဲပြီး တစ်ခြား ဘာကိုမှ
စိတ်မဝင်စားဘူး ဆိုတာ
မင်းမသိဘူးလား "" ဒါပေမယ့် ကွာ
အနည်းဆုံးတော့ စမ်းတွဲကြည့်.. ကြည့်.....""Taehyunggggg!!!"
အောင်သွယ်တော် တို့မီးရှို့ မီးလေးကို စကားဆုံးအောင် မပြောခိုင်းတော့ပဲ လက်ထဲမှ စာအိတ်လေးကို ဆွဲလုကြည့်လိုက်သည်
ဘာတဲ့ Elvis နဲ့ အောင်သွယ်ပေးရင် စတော်ဘယ်ရီ တစ်ခြင်းပေးမယ် တဲ့
Elvis မင်းက ထယ်ယောင်းအတွက်တော့
စတော်ဘယ်ရီ တစ်ခြင်းစာလောက်ပဲတန်ဖိုးရှိပါလား... !!
YOU ARE READING
Tales of the Heart // KT
FanfictionFalling in love usually comes when you have built your walls so high, only to be crushed by a single blow from a beautiful stranger. ▪MEOW (18.12.2021)