Part 1

943 25 0
                                    

~ဖြောင်း~

ခြေသလုံး ဖွေးဖွေးပေါ်တွင် ကျရောက်သွားသော
ခါးပတ်သံပြင်းပြင်းက အဖြူရောင် အခန်းငယ်ထဲတွင်
ပဲ့တင်သံထွက်လျက်..
*အ့...*
"ဦးရယ် သားမခံနိုင်တော့လို့ တောင်းပန်ပါတယ်
မရိုက်ပါနဲ့တော့ ...."

အချက်နှစ်ဆယ်ကျော် ခါးပတ်ဖြင့် ခပ်ပြင်းပြင်း
အရိုက်ခံထားရမှုကြောင့် သနားစရာခြေသလုံးလေးမှာ
သွေးပင်စို့နေသည်
ခြေတောက်တစ်ခုလုံးမှာ လည်း ခရမ်းပုပ်ရောင်ပြောင်းနေလေပြီ...
ဘယ်လိုမှ ခံနိုင်ရည် မရှိတော့သည် အဆုံး
လက်ဖဝါး မီးပွင့် မတတ်ပွတ်ကာ ငိုရိုတောာင်းပန်မိသည်

"မင်းက ငါ့အမိန့်ကို လွန်ဆန်ရဲတဲ့ သတ္တိရှိရင် အရိုက်ခံရဲတဲ့ သတ္တိလည်း ရှိမှပေါ့"

###ရက်စက်တတ်တဲ့ နှုတ်ခမ်းပြားမှ ထွက်ကျလာတဲ့
အေးစက်စက်စကားတစ်ချို့က ကျနော့် ကျောကိုစိမ့်သွားအောင် လုပ်နိုင်သည်အထိ ကြောက်စရာကောင်းလှသည်###

"သားတောင်းပန်ပါတယ် ....သားနောက်တစ်ခါ
ထွက်မပြေးတော့ပါဘူး"
ငိုယိုတောင်းပန်နေပါသော်လည်း ရပ်တန့်သွားခြင်း
အလျင်းမရှိသော သားရေခါးပတ်ဖြင့် ရိုက်နှက်ခံရမှု

~ဖြောင်း~ဖြောင်း~ဖြောင်း

သုံးချက်ဆက်တိုက်အရိုက်ခံရမှုတွင် အော်ဖို့ပင်
ကျနော့်မှာ အားအင်ကုန်ခမ်းနေပြီ ဖြစ်သည်
ချိနဲ့နေတဲ့ ခြေထာက်လေးက သနားစရာ
ကြမ်းပြင်ပေါ်သို့ ခွေခေါက်ကာ လှဲကျသွားပြီး
မျက်စိအစုံမှာလည်း အမှောင်ကမ်ဘာသို့
ခြေဆန့်သွားပြီ ဖြစ်၏...
######

18နှစ် အရွယ် ကလေးသာသာ ကောင်လေး
တစ်ယောက်ကို ခါးပတ်နဲ့ မီးကုန်ယမ်းကုန် ရိုက်နိုင်တဲ့
ဦးရဲ့ နှလုံးသားက ထုံဆေးများထိုးထားသလား.....
ရိုက်ခဲ့ရခြင်း အကြောင်းမှာလည်း
အပြစ်ဟု မဆိုသာသော အပြစ်ကြောင့်...
4လကျော်ကျော် အိမ်နဲ့ခွဲခွါ
အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ခဲ့ရသည်
လွတ်လပ်မှုကို တောင်းတတဲ့ လူငယ်ပီပီ
အိမ်ကို ခိုးပြန်ခဲ့မိ၏....
ကျနော့် hyung ကို သတိရခြင်းကြောင့်
အကြောင်းအရင်းမရှိ ပိတ်ပင်ခံထားရသည့်
အပြင်ထွက်ခွင့်ကို ချိုးဖောက်ခဲ့သည့်
ကျနော်ကို ခါးပတ်ဖြင့် အချက်ပေါင်းများစွာ
အားပြင်းပြင်းဖြင့် ရိုက်နက်ခဲ့လေသူ
ထိုလူသားက ကျနော့်အတွက်တော့
တောင်ပံမပါတဲ့ နတ်ဆိုးတစ်ကောင်အလား.......
Jeon junkook ခင်ဗျားက  ကျနော့်အတွက်တော့ Satan

SATANWhere stories live. Discover now