~ one short ~

261 17 2
                                    

( Zawgyi )

" ဘယ်နှနှစ်လဲ မောင် "

မောင်က မနက်ဖြန် နိုင်ငံခြားကိုသွားရတော့မယ်
မောင့်ရှေ့ရေးအတွက်တဲ့ မောင့်အဖေစီးပွားရေးလုပ်ငန်းတွေကို ကျောင်းတက်ရင်းသင်ယူဖို့တဲ့လေ

" ၃နှစ် ငယ် မောင်လွမ်းနေတော့မှာပဲ "

" အာ မောင်ရယ် ခနလေးပါ
မောင်အလုပ်တွေလုပ်ရင်း အချိန်တွေ ကုန်သွားမှာလေ "

သိပ်ကြာတာပေါ့ မောင်ရယ်
ငါတော့ သေမတတ်လွမ်းနေမိမှာပဲ
မင်း စိတ်မကောင်းဖြစ်မှာစိုးလို့သာ

" ဒါပေမဲ့ ငယ်
၃နှစ်လုံးလုံး ဘာအဆက်အသွယ်မှမရှိပဲ နေရမှာလေ
မောင်က နေနိုင်မယ်ထင်လို့လား ငယ်ရော နေနိုင်လို့လား ဟမ် ငယ်ရဲ့ "

ဟုတ်တာပေါ့
ငါတို့ဘာအဆက်အသွယ်မှမရှိပဲ နေရမှာ
ဒါကလည်း မောင့်မိဘတွေရဲ့ စေညွှန်ရာအတိုင်းပဲလေ မောင့်ကို ဒီ၃နှစ်လုံးလုံး အလုပ်ထဲမှာပဲ အာရုံစူးစိုက်စေချင်လို့တဲ့

ငါက ငါချစ်ရသူဘဝ တိုးတက်ရေးအတွက် ပိတ်ပင်ရက်မှာလား တားဆီးရက်မှာလား ဟင့်အင်း မောင် မင်း ဘဝရှေ့ရေးကောင်းမွန်ဖို့ ငါမဆွဲထားချင်ဘူးလေ

" မောင်ရယ် ဒါ မောင့်ဘဝအတွက်ပဲလေ "

" မောင်မေးတာ ဖြေပေးလေ ငယ်နေနိုင်မှာလားလို့ "

မောင်က အဲ့လိုလူမျိုး
မေးခွန်းမေးလာရင် ဖြေလာမဲ့အဖြေကို တန်းလိုချင်တာ

" နေနိုင်ရမှာပေါ့ မနေနိုင်ရင်....."

" အာ ဟုတ်ပြီ မောင်တို့ ဖုန်းခိုးပြောကြရအောင်လေ ငယ် "

ငါ့စကားမဆုံးခင် ဖြတ်ပြောလိုက်တဲ့ မောင်
ဘယ်ဖြစ်မှာလဲ သူတို့စကားနားမထောင်လို့ မောင်နဲ့ငါ့ကို ဒီထက်အချိန်အကြာကြီး ခွဲထားမှဖြင့်

" မဖြစ်ဘူးလေ မောင်ရယ်
မောင့်မိဘတွေသိရင် ဒီထက်အချိန်အကြာကြီး ခွဲရလိမ့်မယ်လေ "

" ဒါဆို မောင်ဘယ်လိုလုပ်ရမလဲ ငယ်ရာ
မောင်မှမနေနိုင်ပဲ "

ငါက မင်းထက်ပိုဆိုးတယ် မောင်ရဲ့

" ဒီမှာ မောင် ငါပြောတာနားထောင်နော်
ခုက မင်းဘဝကောင်းဖို့အတွက်သွားရမှာ
ပြီးတော့ ဟိုးအရင်က မင်းပြောခဲ့တယ်မလား
ငါတို့တစ်နေ့လက်ထပ်ဖို့ကိုလေ အဲ့တုန်းက ငါတို့က ငယ်သေးတယ် အခု ငါကတိပေးတယ်မောင် မင်းပြန်လာရင် ငါတို့လက်ထပ်ကြမယ် ထာဝရအတူတူ အကြာကြီး ရှိသွားကြမယ် "

ငါက မောင့်ကို သေမတတ်ချစ်တာ ( ငါက မောင့်ကို သေမတတ်ချစ်တာ )  Where stories live. Discover now