#Unicode
အကိုနဲ့ဖြတ်သန်းရင်း တစ်နေ့တာလေးကုန်ဆုံးသွားခဲ့သည်။ အကို့ကိုထပ်တွေ့နိုင်ဖို့က သူ့မှာမနက်ဖြန်
တစ်ရက်ဘဲအချိန်ရှိတော့သည်။ မနက်ဖြန်ပီးလျှင် သူကနဂိုမူလအတိုင်း လှောင်အိမ်ထဲက ငှက်ကလေးအဖြစ်သာနေသွားရမည်။ထိုအကြောင်းတွေကိုစဉ်းစားရင်သူဘဲပင်ပန်းတာမို့
မစဉ်းစားတော့ဘဲ အကိုနဲ့အတူရှိခဲ့တဲ့ဒီနေ့လေးကို
ပြန်တွေးရင်းသာ အိပ်စက်ခြင်းဆီသို့...။
:
:
ဒီနေ့လည်းအကိုနဲ့တွေ့ရမည်ဆိုတော့ ရွှင်မြူးနေတော့သည်။အကိုက အညိုရောင်ကြိုက်တယ်ဟုပြောပြထားသောကြောင့်ဘာမဆိုင်ညာမဆိုင်သူ အညို
ရောင်တီရှပ်လေးဝတ်လိုက်သည်။ဒီနေ့အတွက်သူတို့ရဲ့နေရာလေးကတော့ ဟိုနေ့ကအကိုနဲ့စတွေ့ခဲ့တဲ့ပန်းခြံလေးပင်...။
ဒီနေ့လည်းအကိုကသူ့ထက်စောရောက်နေပြန်သည်။"အကိုtaehyung အခုလည်းစောရောက်နေပြန်ပီ"
သူပြောတော့အကိုကရယ်ကာ
"တွေ့ချင်တဲ့သူက စောင့်နေရမှာပေါ့"တဲ့။
အကိုပြောလိုက်တဲ့စကားကြောင့် နှလုံးခုန်သံတို့
မြန်လာကာ ပေါက်ထွက်သွားတော့မည့်အလားပင်။"ကျွန်တော်တို့ဒီနေရာမှာဘဲစတွေ့ကြတာနော်"စကားလမ်းကြောင်းလွှဲကာသူပြောတော့
"မဟုတ်ဘူး အကိုက ဂျင့်ကိုလမ်းကြားလေးထဲမှာ
ကတည်းကစတွေ့တာ""လမ်းကြား.."အကို့ပြောစကားကိုစဉ်းစားတော့
"အင်း..ဂျင်ကကားလာတာကိုမသိဘဲ ဘေးမကပ်ဘဲနေတော့ ကားသမားကြီးကဟွန်းတီးလိုက်တာလေ"
"အာ ဂျင်မှတ်မိပီ အဲ့တုန်းကဂျင်ပစ္စည်းတွေပါပြုတ်ကျကုန်လို့ အချိန်တွေပိုကြာသွားပီ ကားသမားကြီးကိုတောင်တောင်းပန်နေရတယ်"
"အင်း.."
"နေပါဦး ဂျင်အခုမှသိတယ်အဲ့တုန်းက
ဂျင့်ကိုဓာတ်ပုံရိုက်သွားတာ အကိုမလား""အင်းဟုတ်တယ်"
"ဘာလို့ဂျင့်ရဲ့ပုံကိုရိုက်သွားတာလဲဟင်"
"သဘောကျလို့"
"hmm..."အကို့အပြောလေးကိုအံ့ဩမိကာ အကို့ကိုမော့ကြည့်မိတော့
YOU ARE READING
A Nyi
Fanfiction~Kim Taehyung&Kim Seokjin~ တစ်သက်စာ ရင်ခုန်ခြင်းတေအတွက် အချိန်အများကြီးမလိုပါဘူး စက္ကန့်ပိုင်းလောက်..အငြိလေး... ဒါလေးတခုဘဲလိုတာပါ.... #crd quote Started:Aug 23,2021 Finished:Aug 31,2021