စတင်ခြင်း

403 45 7
                                    


Zhang Zhehanက ပန်းချီဆရာတစ်ယောက်ဖြစ်တယ်။သူ့ဘဝတစ်လျှောက်လုံး သူချစ်တဲ့အနုပညာကိုပဲ တစိုက်မတ်မတ်လုပ်ရင်း ဖြတ်သန်းလာခဲ့တာဖြစ်တယ်။ သူ့ဘဝက အရမ်းကိုရိုးရှင်းပြီး အေးချမ်းနေခဲ့တယ် သူ အိမ်မပြောင်းခင်အထိပေါ့။

အရင်အိမ်ရှင်တွေကျန်ခဲ့တဲ့ ဝတ္ထုစာအုပ်တစ်အုပ်ကို သူတွေ့ပြီး ဖတ်လိုက်မိတယ်။သူ့သူငယ်ချင်းမတွေက ဒီလိုဝတ္ထုမျိုးတွေကိုအသည်းအသန်ကြိုက်ကြပြီး အမြဲတမ်း သူတို့ဆုံဖြစ်တိုင်း နားအူအောင်ဘေးကနေ ပြောနေတတ်ကြလို့ ပျင်းပျင်းရှိတာနဲ့ ဖတ်ကြည့်လိုက်တယ်။
ဇာတ်လမ်းအဆုံးမှာ စာအုပ်ကို စိတ်တိုတိုနဲ့ ပိတ်ချရင်း
​ကျိန်ဆဲလိုက်မိတယ်။
အရေးအသားကတော်တော်လေး လိုအပ်ချက်များပြီး ဟာကွက်တွေအများကြီးက ဇာတ်သိမ်းတဲ့အထိ ​ပါလာတယ်။
မသေသင့်တဲ့ ဇာတ်ကောင်တွေက သေသွားရသေးတယ်။ဇာတ်သိမ်းကြီးကလဲ စုတ်ပြတ်လိုက်တာ ။

"ဆိုးရွားလိုက်တာ ဒီလောက်စုတ်ပြတ်တဲ့ဝတ္ထုကိုဘာလို့များ ပိုက်ဆံပေးပြီးဝယ်ဖတ်နေကြလဲမသိဘူး !"

ဒီလိုစာအုပ်ကို အချိန်ကုန်ခံဖတ်လိုက်ရတာ စိတ်ပျက်မိပြီး ကျိန်ဆဲရင်း မကြာခင်မှာပဲ အိပ်မွေ့ချခံလိုက်ရသလို ထူးဆန်းစွာ အိပ်ပျော်သွားတော့တယ်။


နေရောင်ခြည်စူးစူးက အိပ်ရာထောင့်ကနေ ကျရောက်လာတော့ ပျင်းရိတဲ့အသံလေး ထွက်လာပြီး မျက်လုံးတွေဖွင့်လိုက်မိတယ်။ညကထူးထူးဆန်းဆန်း ရုတ်တရက်ကြီးအိပ်ပျော်သွားတာပဲ။

မနက်၉နာရီလောက်ရှိနေပြီဆိုတော့ ခန္ဓာကိုယ်ကို နည်းနည်းဆန့်လိုက်ပြီး ထဖို့ ပြင်လိုက်တယ်။အဲ့ဒီအချိန်မှာပဲ ရုတ်တရက်လျှပ်စီးလှိုင်းတွေတစ်ကိုယ်လုံးဖြတ်စီးသွားသလိုခံစားလိုက်ရပြီး အိပ်ရာပေါ်ပြန်လဲကျသွားတော့တယ်။

မျက်လုံးတွေပွင့်လာပြီး အသိစိတ်ပြန်ဝင်လာတော့ ​သူ့ခေါင်းထဲမှာ အသံတွေမျိုးစုံဆူညံနေပြီး ခဏကြာတော့ အကုန်ရပ်သွားတယ်။

စိတ်အေးသွားတဲ့အချိန်မှာပဲ ကြည်လင်ပြတ်သားတဲ့ ချစ်စရာအသံလေးတစ်ခုကို ကြားလိုက်ရပြီး ထအော်မိတော့မလိုတောင်ဖြစ်သွားတယ်။

Acquaintance Where stories live. Discover now