^Aiyaa! Jun Jun က အရမ်းစန်းပွင့်နေတာပဲ!^
အတူတူနေလာတာ ဆယ်လ တစ်နှစ်နီးပါးလောက်ရှိလာတော့ Gong Junက အရင်လို အားနည်းပိန်လှီတဲ့ ကလေးမဟုတ်တော့ပဲ ကောင်းကောင်းမွန်မွန်ကြီးထွားလာတဲ့ကလေးတစ်ယောက်ဖြစ်လာပြီး သန်မာတဲ့ပုံစံနဲ့ ချောမောတဲ့ရုပ်ကလေးက ပိုပေါ်လွင်လာတယ်။အရပ်ကြီးလဲ ပိုရှည်လာတယ်။ရွာထဲက Gong Jun နဲ့ရွယ်တူကလေးမလေးတွေဆိုတာ မသိမသာလိုလို သိသိသာသာလိုလိုနဲ့ သူတို့အိမ်ရှေ့မှာ ဖြတ်လျှောက်နေတော့တာပဲ ။ ရုပ်ရည်ချောတဲ့ကောင်လေးရှိတဲ့အိမ်ဆိုတော့လဲ မျက်နှာပွင့်တာပေါ့လေ ။
ဒီနေ့လဲ သူ့ကို ကူညီပြီး ထင်းတွေသွားရှာပေးနေတယ်။ ဒီကလေးက အရမ်းအလိုက်သိလွန်းတယ်။ဒီလိုကလေးမျိုးက ဆိုးရွားတဲ့အလှည့်ပြောင်းတွေနဲ့ကြုံခဲ့ရပြီး ဗီလိန်ဘဝနဲ့ အဆုံးသတ်ဆိုးခဲ့ရတာ မဖြစ်သင့်ဘူး။
အိမ်နောက်က စိုက်ခင်းအသေးလေးထဲ သီးပင်စားပင်တွေကို ဂရုစိုက်နေရင်း အလုပ်ရှုပ်နေတုန်း ခြံရှေ့မှာ သူ့ကိုလာခေါ်နေတဲ့အသံကိုကြားလိုက်ရတယ်။
"သမားတော်ကျန်း"
"ဘာကိစ္စများရှိလို့လဲခင်ဗျာ" လက်ထဲက သဲတွေကို လက်နှစ်ဖက်နဲ့ပွတ်ခါရင်း အိမ်ရှေ့ကလူဆီလျှောက်ရင်းအမေးစကားပြောလိုက်တယ်။
"ကျွန်တော့်သားလေး အရမ်းကိုယ်ပူနေပြီး သတိလစ်သွားလို့တစ်ချက်လောက်လိုက်ကြည့်ပေးပါလားဗျာ"စိုးရိမ်နေတဲ့ မျက်နှာဟန်ပန်ကြောင့် အချိန်ဆွဲပြီး ထပ်မမေးတော့ပဲ မြန်မြန်ဆန်တုန့်ပြန်လိုက်တယ်။
"ခဏစောင့်ပါ ကျွန်တော် ဆေးအိတ်သွားယူလိုက်ဦးမယ်"
လိုအပ်တဲ့ပစ္စည်းတွေထည့်ထားတဲ့ဆေးအိတ်သွားယူပြီးတာနဲ့ အိမ်စုတ်လေးကို တံခါးပိတ်ပြီး အမြန်လိုက်သွားတော့တယ်။လမ်းတစ်ဝက်ရောက်တော့မှGong Junကို စာမချန်ထားခဲ့မှန်းသတိရတော့တယ်။
^Jun Junက စိတ်ပူနေတော့မှာပဲ^
^ငါလဲ အမြန်ထွက်လာရတော့မေ့သွားတာ^
လူနာအိမ်ရောက်တာနဲ့ ကျန်တာကိုဘေးဖယ်ပြီး ဆေးကုဖို့ကိုပဲအာရုံစိုက်လိုက်တယ်။ Systemက အရင်သမားတော် မှတ်ဉာဏ်တွေကို ပြန်ထည့်ပေးထားတာမို့ အတွေ့အကြုံတွေနဲ့ အသိစိတ်တွေအရ ကုသရတာ ဘာအခက်အခဲမှမရှိဘူး။