Unicode
Wu Yi Fan အိပ်တော့မည့်ဆဲဆဲ သာယာလွန်းတဲ့ စန္ဒယားသံကိုကြားလိုက်ရသည်။
သံစဥ်တစ်ခုချင်းဆီက ဝမ်းနည်းစရာကောင်းသော ပုံပြင်လေးကိုထုဆစ်နေသကဲ့သို့ပင်။
ဘာကြောင့်မှန်းပင်မသိ ရင်ဘက်တွေအောင့်လာသလိုတောင်ခံစားရသည်။
ပြီးတော့ ရင်းနှီးသော အရိပ်အငွေ့လေးပင် ခံစားရသေးသည်။အိပ်မရမည့်အတူတူအောက်ထပ်ဆင်းရန်သာရွေးချယ်လိုက်သည်။
အောက်ထပ်တစ်ခုလုံးက အမှောင်ဖုံးနေပြီး စန္ဒယားထားသောနေရာတစ်ခုတည်းကိုသာ အလင်းပေးထားသည်။
မျက်လုံးမှိတ်ကာ စန္ဒာယားတီးနေသောထိုလူရဲ့ မျက်ဝန်းလှလှလေးမှာ ပုလဲကဲ့သို့သောမျက်ရည်ပေါက်ကလေး တစ်လှိမ့်ချင်းလိိမ့်ဆင်းလာသည်ကိုလည်းတွေ့ရသည်။သူဖြေးညင်းစွာဆင်းလာပြီး ဆိုဖာပေါ်တွင်ထိုင်လိုက်ကာ ထိုလူးသားကိုမမှိတ်မသုန်ထိုင်ကြည့်နေမိသည်။
ထိုလူသားကိုကြည့်ရတာ အထီးကျန်ဆန်လိုက်တာ။သံစဥ်ထဲတွင်စီးမျော်နေသောChanyeolဟာ မျက်လုံးထောင့်မှ သူ့ကိုစိတ်ဝင်တစားထိုင်ကြည့်နေသော Wu Yi Fan ကိုတွေ့လိုက်ပြီး သူ့ရဲ့စန္ဒယားခလုတ်ပေါ်တွင် ပြေးလွှားနေသော လက်သွယ်သွယ်ကလေးများကို ရပ်တန့်လိုက်သည်။
"အိပ်မပျော်ဘူးလား Wu Yi Fan"
"အင်း အိပ်ယာအပြောင်းအလဲမလို့ထင်ပါရဲ့ စိတ်မပူပါနဲ့ ဆက်တီးပါ"
"ကျွန်တော့် သီချင်းကပြီးသွားပြီလေ ကျွန်တော်ပင်ပန်းထားလို့အိပ်နှင့်ပြီနော် Good Night ပါ"
နာရီလက်တံက ၁၂နာရီထိုးရန် ၅မိနစ်သာလိုတော့ကြောင်းညွှန်ပြထားသည်။
နာရီကိုတစ်ချက်ကြည့်လိုက်ပြီး လျင်မြန်စွာ အပေါ်ထပ်တက်သွားသူ Chanyeol မှာ တစ်ခုခုကိုဖုံးကွယ်ထားသလိုပင်။"ငါအတွေးလွန်နေပြန်ပါပြီ ဒီလောက် သဘောကောင်းတဲ့ လူသားကို ငါဘာတွေသံသယဝင်နေရတာလဲ"
သူလည်းနောက်ကျနေပြီမလို့ အပေါ်ထပ်ပြန်တက်ကာ Chanyeol ၏မျက်နှာချင်းဆိုင် ဧည့်သည်အခန်းမှာ ပြန်အိပ်လိုက်သည်။
မအိပ်ခင် 'မနက်ကျရင် Chanyeolရဲ့ ဟင်းလျာတွေကိုမြည်းစမ်းရမှာ စိတ်လှုပ်ရှားစရာပဲ' လို့လည်း သရေးကျစွာဖြင့်တွေးလိုက်သေးသည်။
![](https://img.wattpad.com/cover/212097382-288-k908896.jpg)
ВЫ ЧИТАЕТЕ
အရှင့်ရဲ့Vampire(Completed)အရှင့်ရဲ့Vampire
ФанфикZawgyi Wu-ဗိုက်ဆာတယ် တစ်ခုခုစားချင်တယ် ! Yeol-ကျွန်တော့်ကိုစား :) ✨A\N Note ✨ အစားပုပ်တဲ့နတ်သားလေးနဲ့ဆိုးသွမ်းတဲ့သွေးစုပ်ဖုတ်ကောင်လေးတို့ရဲ့အချစ်ဇာတ်လမ်း 💗 Unicode Wu-ဗိုက်ဆာတယ် တစ်ခုခုစားချင်တယ် ! Yeol-ကျွန်တော့်ကိုစား :) A\N...