Part3

193 42 0
                                    

<Unicode>
08

ကြောင်နက်လေးက အမြဲတမ်း နေပူဆာလုံဖို့ပဲ ပြတင်းပေါက်တစ်ဆင့်ခံမှာ ထိုင်လေ့ရှိတာမဟုတ်ဘူး။

ကြောင်တွေက အနှောက်ယှက်မခံရပဲ နေပူဆာလုံလို့ရသရွေ့ ဘယ်နေရာဖြစ်ဖြစ်ဂရုစိုက်လေ့မရှိကြပေ။

ဒါပေမဲ့လဲ ကြောင်လေးက ကောင်မလေးသူ့ကို ခိုးခိုးကြည့်နေပြီး  သူ့မဘက်ကို ခေါင်းစောင်း လိုက်တဲ့အခါတိုင်း သူမအမြဲ ပျော်ပြီး ပြုံးနေတာကို သတိထားမိနေတယ်။

ဒါပေမဲ့ သူ့ကိုအမြဲတမ်းကြည့်နေတာက မကောင်းဘူးဆိုတာသူသိလေတယ်။ လူသားပေါက်လေးတွေက သင်ယူစရာတွေအများကြီးရှိတာကို ကြောင်နက်လေးသိတယ်။

ဒါကြောင့် ကောင်မလေး အချိန်ကြာကြီးစိုက်ကြည့်တာကို သတိထားမိတိုင်း သူထွက်သွားတာဖြစ်တယ်။

အဲ့နေ့က မိုးသည်းသည်းမဲမဲကိုရွာနေလေရဲ့။ ကြောင်နက်လေးက အနည်းငယ်ပွင့်နေတဲ့ ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တယ်။

မိုးရေတွေက အက်ကြောင်းကြားထဲကနေ စီးကျနေပြီး ပြတင်းပေါက်တစ်ဆင့်ခံနဲ့ မြေကြီးကို စိုဆွတ်စေခဲ့တယ်။

အနည်းငယ်တွန့်ဆုတ်နေပြီးနောက်မှာတော့ ကြောင်နက်လေး ခုန်ဆင်းသွားတော့တယ်။ သူ့ရဲ့ခြေဖဝါးလေးတွေက ဗွက်အိုင်ထဲကိုနင်းမိသွားကာ အဲ့တာက အေးနေပြီး သက်တောင့်သက်တာဖြစ်မနေဘူးလေ။

09

ပြတင်းပေါက်ကို ဆန့်ကျင့်ပြီး သူ့ခေါင်းကိုထားလိုက်ပြီး ကောင်မလေး စားပွဲပေါ်မှာလှဲနေတာကို ဝေဝေဝါးဝါးနဲ့ပဲလှမ်းမြင်လိုက်ရတယ်လေ။ မိုးရေတွေကို သူ့မျက်နှာကိုထိနေသည်။ အဲ့ဒါက စိုထိုင်းပြီး အေးစက်နေလေရဲ့။

သူ ပြတင်းပေါက်ကို တဖြည်းဖြည်း နဲ့ တွန်းချင်လာပေမဲ့လဲ ပြတင်းပေါက်က တအားကိုလေးနေတယ်လေ။

အဲ့တာကိုတွေးလိုက်ပြီးနောက် လှည့်လိုက်ကာ သူ့အမြှီးကို လွတ်နေတဲ့ကြားထဲကို ဆွဲဆန့်ပြီး ဖြေးဖြေးချင်း လွှဲယမ်းနေတော့တယ်။

ဘဲလ်တီးပြီးသွားပြီး ကောင်မလေးကိုမြင်ရဖို့အတွက် ပြတင်းပေါက်မှန်ကနေ သူ့ရဲ့ အမွေးဖွာနေတဲ့ မျက်နှာကို ကပ်ထားတုံးပဲလေ။

ကြောင်နက်လေးရဲ့ အမြှီး (Translation Complete)Where stories live. Discover now