အပိုင်း(၂၅)

9.1K 627 11
                                    

[Unicode]

တစ်လကျော်သွားပြီ တစ်လကျော်ဆိုတဲ့အချိန်တစ်ခုကိုရောက်လာခဲ့ပြီ ဒါပေမယ့် ရှောင်းကျန့်ကနိုးထမလာသေးဘူး ရှောင်းကျန့်မျက်နှာပေါ်က ဒဏ်ရာတွေကလည်း အမာရွတ်တောင်မကျန်အောင်ပျောက်ကင်းပြီး အရင်လိုဖြူစင်ပြီး လှပတဲ့မျက်နှာလေးပြန်ဖြစ်နေပြီ ၀မ်ရိပေါ်ရဲ့လက်ဒဏ်ရာကလည်း အရှင်းပျောက်ကင်းနေပြီ နှလုံးသားဒဏ်ရာကတော့ မသေရုံတမယ်ပါပဲ ဒါပေမယ့် ရှောင်းကျန့်က နိုးမလာသေးဘူး

၀မ်ရိပေါ်က ဒီတစ်လကျော်လုံး  ရှောင်းကျန့်အနားမှာပဲ တောက်တဲ့လေးလို တွယ်ကပ်ပြီး ရှောင်းကျန့်ကိုအနီးကပ်ပြုစုခဲ့တယ် ညဘက်တိုင်းမှာတော့ တောင်းပန်ပါတယ် ဆိုတဲ့ငိုသံလေးကို ကြားရတတ်တယ် သူသိပ်နောင်တရပါတယ် 'နောင်တ' တဲ့ စကားလုံးလေးနှစ်လုံးပါပဲ အဲ့စကားလုံးလေးနှစ်လုံးက လူတစ်ယောက်ကို ဘယ်လောက်ထိများ နာကျင်စေသလဲဆိုတာ အချိန်လွန်မှနောက်တရဖူးသူတိုင်းသိပါလိမ့်မယ် ဖြည်မဆည်နိုင်ခြင်းတွေ အရူးလိုမျိုး ဘုရားရှေ့မှာ အချိန်တွေနောက်ပြန်ဆုတ်ခွင့်ရဖို့
ဆုတောင်းခဲ့ရခြင်းတွေ နိုးလာရင်အိပ်မက်အဖြစ်ရှိနေမှာပါဆိုတဲ့ ပေါကြောင်ကြောင်အတွေးနဲ့ နာနာကျင်ကျင်အိပ်စက်ခဲ့ရခြင်းတွေ အင်း နောင်တတွေပေါ့
မှန်ကြည့်မိတိုင်းမှာ ဟောက်ရွှမ်းပြောတဲ့ "နောင်တတွေရောယှက်နေတဲ့မင်း "ဆိုတဲ့စကားကို အမြဲကြားယောင်မိပါရဲ့
'နောင်တတွေရောယှက်နေတဲ့ငါ့ကိုယ်ငါပြန်မြင်နေရတာ နာကျင်လိုက်ရတာများကွာ '

ရိပေါ်က တစ်ပတ်မှာတစ်ရက် မဟုတ်သေးဘူး နေ့တစ်၀က်တော့ အိမ်ပြန်ဖြစ်တယ် သူ့ကိုအရာရာနားလည်ပေးထားတဲ့ သူ့ပါးနဲ့မားရဲ့ 'တစ်ပတ်တစ်ခါလောက်တော့ အိမ်ကိုခဏလေးဖြစ်ဖြစ် ပြန်လာခဲ့ပါဦး သားရယ်' ဆိုတဲ့ စကားကိုတော့ သူလိုက်လျောသင့်ပါတယ်လေ

သူအိမ်ပြန်တိုင်း မျန်မျန်နဲ့ထျန်းရန်က ရှောင်းကျန့်ကိုလာစောင့်ပေးတယ် သူအိမ်ပြန်တဲ့အချိန်မှရယ်တော့မဟုတ်ပါဘူး တစ်နေ့တစ်ခေါက်တော့ သူတို့ကပုံမှန်ရောက်အောင်လာတယ် သူအိမ်ပြန်တဲ့ရက်တော့ သူတို့ကတစ်နေကုန်ရှိနေပေးတယ် သူပြန်လာရင်တောင် ဟိုနှစ်ယောက်ကမပြန်ဘူး  ဒါနဲ့ မျန်မျန်နဲ့ထျန်းရန်က ချစ်သူတွေဖြစ်သွားကြပြီ သူတို့အတွက်ပျော်ပါတယ် 'ငါ့အတွက်ပျော်ရဖို့လည်း မင်းကမြန်မြန်နိုးလာပေးပါ ရှောင်းကျန့်'

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now